Part_28.

3.2K 266 34
                                    

ရိပေါ် သတိလက်လွတ် အသက်နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်ရင်း အနမ်းတွေထဲ ယစ်မူးနေမိတယ်။ အသက်က သူ့ရင်ဘတ်ကို လက်ကလေးနဲ့ ဖွဖွလေး ပုတ်ကာ သတိပေးလာ မှ ရိပေါ် လွှတ်ပေးလိုက်ရသည်။သူ့အောက်ကနေ ပါးစပ်လေးဟစိ ဟစိ နဲ့ အသက်ရှုနေတဲ့သူလေးကိုကြည့်ရင်း ရိပေါ် ပြုံးမိသွားတယ်။ ရိပေါ် အသက်ကိုယ်ပေါ်က ဆင်းကာ ဆိုဖာခုံပေါ် ပြန်ထိုင်လိုက်ပြီး သူ့အသက် ခန္ဓာကိုယ်လေးကိုလည်း သူ့ပေါင်ပေါ် ဆွဲမကာ တင်ပေးလိုက်သည်။အသက် ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ ထွေးပွေ့ဖတ်ထားလိုက်သည်။

ပြွှတ်~

"မောင့်အသက်ကို....မောင်သိပ်ချစ်လိုက်တာ"

ရှောင်းကျန့် မောင့်ရင်ဘတ်ပေါ် ခေါင်းလေးမှီကာ ခါးကနေဖတ်ထားလိုက်သည်။ သူ မောင့်ကို ပြန်တွေ့တာ အိမ်မက် ဖြစ်နေမှာ ကြောက်တယ်။

"မောင့်ကိုလည်း..... အသက်ချစ်တယ်"

ပြွှတ်~

သူ့ရင်ခွင်ထဲကပ်တွယ်ထားရင်း ချစ်​စကားဆိုနေတဲ့ သူလေးကို ရိပေါ် ငုံ့ကာ နဖူးလေး အနမ်းပေးလိုက်သည်။မောင့်ရဲ့ နွေးထွေးရာလေးက အသက်ပဲ။

"အသက် မောင့်ကိုဘယ်လောက် ချစ်တယ်ဆိုတာ မောင်လက်တွေ့သိခဲ့ပြီးပါပြီ။ "

"မောင်"

"ဗျာ"

"အသက်...မောင့်ကို ခေါ်သွားစရာရှိတယ်"

"ဘယ်လဲ...မောင့်အသက်ရဲ့"

"ရောက်ရင် သိမှာပေါ့ "

ရှောင်းကျန့် မောင့်ပါးလေးကိုအနမ်းပေးကာ ပေါင်ပေါ်က ဆင်းမယ်လုပ်တော့ မောင်က သူ့ခါးကို ဖတ်ထားတာမလွှတ်ပဲ ပိုကာတင်းကြပ်စွာ ဖတ်ထားလေသည်။

"မောင်...ဖယ်လေသွားကြရအောင်"

"ဟင့်အင် ...အသက်ကို ဖတ်ထားချင်သေးတာ ၊ လွှတ်ချင်ဘူး"

"မွှ....မွှ"

"မောင်ရယ် ....သွားရင်းလည်း ဖတ်ထားလို့ရပါတယ်"

ရှောင်းကျန့် မောင့်လုပ်နေပုံလေးကို အူယားလာတာကြောင့် ပါးလေး နှစ်ဖက်ကို အားဘွားပေးရင်း ပြန်သိုင်းဖတ်ကာ သွားဖို့ ပြောရသည်။သူလည်း မောင်နဲ့ တစ်စက္ကန့်လေးမျှ ထပ်မခွဲချင်တော့ပါ ။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now