Part_9.

3.2K 249 12
                                    

ဖျော်ဖြေရေးစင်ရှေ့မြက်ခင်းပြင်အလယ်မှာ ဖတ်တွယ်ထားကြတဲ့၂ယောက်ကို ကြည့်ပြီး ကျစ်မင် မနာလိုဖြစ်မိသလို မျက်ရည်တွေကျနေမိသည် သို့ပေမယ့် သူပျော်ပါတယ်။ကျဆင်းလာတဲ့ မျက်ရည်တွေသုတ်ပြီး ကျစ်မင်ထသွားလိုက်သည်။

"ဒီနေ့ ဖတ်လို့ ပြီးကျအုံးမှာလား"

ကျစ်မင်ပြောမှ အသက်က သူ့လည်ပင်းဖတ်ထားတဲ့လက်ကိုခွာလိုက်တာကြောင့် ရိပေါ်အလိုက်သင့်လေးအောက်ပြန်ချပေးလိုက်သည်။ မျက်ရည်တွေမခြောက်သေးတဲ့ အသက် ရဲ့ပါးပြင်လေးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ လက်မလေးနဲ့ဖွဖွသုတ်ပေးပြီး နဖူးလေးကိုမြတ်နိုးရတဲ့အနမ်းလေးပေးလိုက်သည်။

"အသက် မငိုနဲ့တော့နော်"

နှုတ်ခမ်းတင်းတင်စေ့ ပါးလေးဖောင်းကာ ခေါင်းညိမ့်ပြလာတဲ့ အသက်ရဲ့ လက်ဖဝါးလေးကို ကိုင်ရင်းပါးလေးကိုဖျစ်ညစ်လိုက်သည်။ ရိပေါ် ကျစ်မင်ကိုလည်း ခေါ်ကာ အမှတ်တရဓာတ်ပုံရိုက်တဲ့ဆီသွားရသည်။အသက်က သူ့ထက် လပိုင်းကြီးပေမယ့် နူးညံ့လွန်းတဲ့အသက်ကို သူကပဲဂရုစိုက်နေရသည်။

"ကျစ်မင်..မင်း အလယ်မှာနေ ၊ငါနဲ့ အသက်က ဘေးတစ်ဖက်စီရပ်ရိုက်မယ်"

သူတို့၃ဟောက် post အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်သည်။ရိပေါ် အသက်ကို လှမ်းကြည့်တော့ အသက်က တကယ်ချစ်စရာသိပ်ကောင်းတာပင် postကိုအမျိုးမျိုးပေးနေတာ။

"ဒီတစ်ခါ ...အသက်အလယ်မှာနေမယ်။ မောင် နဲ့ ကျစ်မင်က ဘေးမှာနေနော်"

ရိပေါ် နဲ့ ကျစ်မင် ရှောင်းကျန့်ကို အလယ်မှာထားပြီး ရှောင်းကျန့်ခေါင်းပေါ် လက်၂ချောင်းစီထောင်ကာ ဂျိုပုံစံလေးpostပေးရိုက်ကြသည်။ ကျစ်မင်က ရှောင်းကျန့်ကိုဖတ်ရိုက်သလို ၊ ရိပေါ်ကလည်းရှောင်းကျန့်ကို ပွေ့ဖတ်ရိုက်သည်။

"မောင်..ဒီတစ်ခါ..၂ယောက်တစ်တွဲပုံရိုက်ကြမယ်နော်"

"အသက်ရဲ့ သဘော..အသက်လုပ်ချင်တာ မောင်အကုန်ဖြည့်စီးပေးမှာ"

"အာ့ကြောင့် မောင့်ကိုချစ်တာ မွှ..မွှ..ဟီးးဟီးး"

အသက်က သူ့ပါးကို အနမ်းလေးပေးပြီး ပြုံးရယ်နေတာလေးက ပါးချိုင့်လေးပင်ပေါ်နေလေသည်။ သူ့ကြောင့် အသက်ပျော်နေတာကို သူကျေနပ်မိသည်။ အသက်ကို သူစိတ်ချမ်းသာအောင်ထားမည်။ ဓာတ်ပုံရိုက်ကြတော့ အသက်က ကျစ်မင်ဆံပင်ကို ဆွဲနေကာ ကျစ်မင်ကအော်နေတဲ့ ပုံစံ ရိုက်ကြသည်။ အမျိုးမျိုးသော postတွေပေးနေကြတာ ရိပေါ်တကယ်ရေရွတ်လိုက်သည်က တကယ့်မျောက်လောင်းလေးတွေ။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now