Part_14

2.7K 206 2
                                    

သူတို့စားသောက်ဆိုင်က ပြန်လာပြီးကတည်းက ကျစ်လော့ မောင့်ကို လိုင်ကပ်နေမြဲပင်။ ရှောင်းကျန့် ကျစ်လော့ကို ဒီလောက် အကောင်လိုက်ပြထားတာကိုတောင် မရှက်တက်ဘူးလားမသိ။ဒီရက်တွေထဲ မောင်က စိတ်ရှုပ်လာတာကြောင့် ကျစ်လော့ကို ရိုက်မလို့တောင်ဖြစ်သေးတယ် သူတားခဲ့ရလို့သာ။Exam ကလည်းဖြေရတော့မယ် exam ပြီးရင်တော့ တရားဝင်အကုန်လုံးကို ပြောပြတော့မယ် လို့ ရှောင်းကျန့် မောင်နဲ့ တိုင်ပင်ဆုံးဖြတ်ထားတယ်။

"အသက်....ဘာရပ်လုပ်နေတာလဲ"

ရိပေါ် မျက်နှာသစ်ပြီးပြန်ထွက်လာတော့ အသက်ကအခန်းထဲမရှိ။ သူပတ်ရှာနေတာ တွေ့မယ့် တွေ့တော့အသက်က ဝရံတာမယ်.... ဘာရပ်လုပ်နေပါလိမ့်။ ရိပေါ် အသက်နားသွားကာ အနောက်ကနေအသက် ကိုယ်လေးကို သိုင်းဖတ်လိုက်သည်။

"မောင်....ဒီနေ့လပြည့်နေလား"

"အင်း....ဟုတ်မယ် ၊ ဘာလို့မေးတာလည်း"

"အခုကြည့်လေ လမင်းကြီးကဝိုင်းစက်နေတာပဲ အသက်တို့အချစ်ပုံရိပ်တွေ လမင်းကြီးမှာထင်ဟပ်နေမှာပဲနော် ။"

"ဟင့်အင်...လမင်းမှာထင်ဟပ်နေတာမျိုး မောင်မကြိုက်ဘူး"

"ဘာလို့လဲဟင်...မောင်"

"လမင်းက အမြဲတန်း ပြည့်ဝန်းမနေဘူး...အသက် ၊ လကွယ်နေ့တွေ ရောက်တဲ့အခါ မောင်တို့ အချစ်ပုံရိပ်တွေပျောက်ကွယ်သွားရလိမ့်မယ်။"

"အွန်....ဟုတ်တယ်နော်"

သူတို့အချစ်ပုံရိပ်တွေ ထာဝရရှင်သန်ချင်တယ် ။ရှောင်းကျန့် ခန္ဓာကိုယ်လေးလှည့်ကာ မောင့်ရင်ခွင်ထဲ ခေါင်းလေးအပ်ပြီး ခါးကနေသိုင်းဖတ်ထားလိုက်သည်။မောင့်ရင်ဘတ်ကိုလည်း အနမ်းလေးပေးရင်ပေါ့။

ရိပေါ် အသက်ကိုယ်လေးကိုထွေးပွေ့ဖတ်ထားလိုက်သည်။သူ့ရင်ဘတ်ကို အနမ်းတွေပေးနေတဲ့ အသက်ခေါင်းလေးကို မေးစေ့ကနေဆွဲကိုင်မကာ မော့စေလိုက်သည်။ အခုညက ကြယ်လေးတွေထက် ပိုတောက်ပနေတဲ့ အသက်မျက်ဝန်းတွေက သိပ်လှတယ် အသက်ရယ် ။ရိပေါ် သူ့ခေါင်းကိုတဖြည်းဖြည်းချင်း ငုံ့ကာ အသက်ရဲ့ နီစွေးစွေးနှုတ်ခမ်းလေးကို စုပ်ယူနေမိသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now