Part_25.

3.3K 259 57
                                    

"ရိပေါ်.....ငါတို့နှစ်ယောက် နင်တို့ကို လိုက်ရှာနေတာ ဒီမှာ ဇိမ်ကျနေကြတယ်ပေါ့"

ရိုစ့် နဲ့ ချန်ယောင်းက သူတို့စီးတဲ့ဟာပြီးသွားတော့ အောက်ပြန်ဆင်းအလာ ရိပေါ် နဲ့ ဖုန်းရွှီက မရှိတာကြောင့် သူတို့ပတ်ရှာနေခဲ့ တာ တွေ့မယ်တွေ့တော့ game ဆော့တဲ့ နေရာမှာ။ ရိုစ့် ရိပေါ် အနားဆီသွားကာ ရိပေါ်ပုခုံးပေါ် လက်တင်ရင်း အသံပေး စကားပြောလိုက်သည်။

"မင်းတို့ကကျ roller coster စီးတာ ငါတို့က ဒီအတိုင်းထိုင်စောင့်နေရမှာလား ၊ ငါတို့နဲ့ ကီးကိုက်မယ့် ဟာ လာဆော့နေတာပေါ့"

ဖုန်းရွှီက  ရိုစ့် နဲ့ ချန်ယောင်းကို ကြည့်ပြီး  သွက်လက်စွာ စကားကို ပြန်ခံပြောလိုက်သည်။ ရိပေါ်ကတော့ သူ့ပုခုံး ပေါ်လာတင်ထားတဲ့ ရိုစ့် ရဲ့လက်ကို အသာဖယ်ချနေသည်။

"ကဲထားပါတော့.....အခု..ကစားကွင်းထဲ ပတ်သွားမယ်"

ချန်ယောင်းအပြောကို အကုန်လုံးသဘောတူကာ ခေါင်းညိမ့်ပြီး ဂိမ်းဆော့တဲ့နေရာကနေထွက်လာကြသည်။ ရိုစ့် နဲ့ ဖုန်းရွှီက အာတူပူစီ စားလိုက် ရေခဲမုန့်သွားစားလိုက် သကြားဇီသီးတုတ်ထိုးတွေစားလိုက်နဲ့ အကုန်တွေ့တာ စားနေတော့တာပဲ။ ရိပေါ်ကတော့သူတို့ကိုကြည့်ပြီး ချန်ယောင်းကို အပြန်ချောင်းဆိုးပျောက်ဆေးဝယ်ဖို့ ​ပြောရတော့မည်။

"ရိပေါ် ဟိုမှာ သီချင်းဆိုတဲ့နေရာသွားဆို ရအောင်အပျော်ပေါ့"

"ငါ....မဆိုချင်ပါဘူး"

"လာပါ...မင်းကလည်း နှစ်ယောက်အတူပေါ့"

ရိပေါ်က အတူဆိုဖို့ လက်ခံတာနဲ့ ချန်ယောင်း ရို့စ်နဲ့ ဖုန်းရွှီကို ခေါ်လိုက်သည်။ ဆိုရမှာက ရိပေါ် နဲ့ ချန်ယောင်းဖြစ်ပေမယ့် ဟို၂ယောက်ကတော့ သူတို့ထက်ပင် တက်ကြွနေလေသည်။ရိုစ့် နဲ့ ဖုန်းရွှီက ကွင်းပြင် အလယ် တစ်နေရာမှာ ရပ်ကာ အားပေးဖို့အသင့်ဖြစ်နေသည်။ လက်ထဲ က မုန့်ကတော့ မပါမဖြစ်ပေါ့။ ချန်ယောင်း နဲ့ ရိပေါ်က စင်ပေါ်တက်ကာ ထိုင်ဆို ဖို့အတွက် ခုံကိုယ်စီယူထိုင်လိုက်သည်။ ခုံပေါ် ထိုင်ရင်း ရိပေါ်က ပါးစပ်နဲ့ မိုက်နဲ့ ကိုတန်းညှိနေပြီး ချန်ယောင်းကတော့ ဆိုမယ့်သီချင်းခေါင်:စဥ်ကို ဖွင့်ပေးမယ့်သူဆီ သွားပြောနေသည်။သီချင်းရွေးချယ် ပြောပြီးတာနဲ့ ချန်ယောင်:က ဆိုမယ့်နေရာ ပြန်လာထိုင်လေသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now