Part_33.

3.2K 238 13
                                    

ရှောင်းကျန့် ဆီက စကားသံကြောင့် ကျစ်လော့ အတွေးလွန်ကာ တွေဝေသွားမိသည်။သူ့ရှေ့ကလူက ခုနက ကြောက်နေတဲ့ပုံနဲ့ ဘာမှမသက်ဆိုင်တော့ဘူး ။ ကျစ်လော့ ရှောင်းကျန့်ကိုသာ စိုက်ကြည့်နေမိရင်း အကဲခတ်နေရသည်။

"ဟားး...ဟားးး ဒီမှာအန်တီကြီး အော်..မှားလို့ ကျစ်လော့လို့ပဲ ခေါ်ရမလား ။ နောက်ဆုံးတော့ ဒီလိုအခြေအနေ ထပ်ရောက်လာရပြန်ပြီပဲ"

"မင်းဘာစကားပြောချင်တာလဲ ရှောင်းကျန့်"

"အတိတ်ဘဝကို အကုန်မှတ်မိနေတဲ့သူက တစ်နိုင်ငံထဲ တစ်မြို့ထဲနေပြီး ဒီအတိုင်းလွှတ်ပေးထားမယ်များထင်နေသလား"

ရှောင်းကျန့် အရှေ့ကမိန်းမကြီးကိုသာ သေချာ စိုက်ကြည့်ရင်းပြောတော့ တွေဝေနေတဲ့ မျက်လုံးတွေ အံသြနေတဲ့ပုံရိပ်တွေက အထင်းသား...။ အဲ့ဒီမိန်းမဖြစ်နေတဲ့ပုံကို ကြည့်ပြီး ရှောင်းကျန့် a little လောက်တော့ ကျေနပ်သလိုပါပဲ။

"ခင်ဗျားကသာ ကျနော်ပြန်မွေးဖွားလာတာ မသိခဲ့တာ ကျနော်ကတော့ ခင်ဗျားကို သိနေနင့်ပြီးသား ၊ ခင်ဗျားဘက်က ရန်မစသေးလို့ ငြိမ်နေခဲ့တာ ဘာမှမသိဘူးမထင်လိုက်နဲ့ "

သူ့အရှေ့က ကြောက်လားလန့်လား ကြိုးနဲ့အတုတ်ခံထားရတာတောင် လေကျယ်နေတဲ့ ရှောင်းကျန့်ကို အစကအံသြသွားပေမယ့် သူ့ဘာသာ သိသိမသိသိ အခုသူ့လက်ထဲမှာပဲမလား။ ကျစ်လော့ ထိုင်ခုံမှာ ကိုယ်ကို မတ်မတ်ပြန်ထိုင်ကာ ခြေထောက်ချိတ်ရင်း လက်ပိုက်ကာ ပြုံးပြုံးကြီး ကြည့်လိုက်သည်။

"ရှောင်းကျန့် သိပ်လေမကျယ်နေနဲ့ မင်းအခု ငါ့လက်ထဲမှာ ၊ ငါ မီးညှိလိုက်တာနဲ့ ဒီဂိုထောင်တစ်ခုလုံးပြာကျတော့မယ်ဆိုတာ သိရဲ့လား"

အသိတရားမရသေးတဲ့ ကျစ်လော့ကိုသေချာကြည့်ရင်း ခန္ဓာကိုယ် မတ်တပ်ထရပ်လိုက်သည်။ သူ့ကို အရင်လို နုနုရွရွလေးပဲ ထင်နေသေးတာလား ဘာမှပြန်မခုခံနိုင်ခဲ့လို့ဘဝတခုလုံး သူတို့ရင်းခဲ့ရပြီးပြီ သူ့လည်း ၁၈နစ်ကျော်တိတိ မောင့်ကို စောင့်ရင်း ကျစ်လော့ဆိုတဲ့သူကို ပတ်ရှာကာ လက်စားချေဖို့ ပြင်ဆင်ထားခဲ့တယ်။ဒီကြိုးလောက်က ရှောင်းကျန့် စာတောင်မဖွဲ့ဘူး ဖြည်နိုင်တယ် မဖြည်ချင်သေးလို့ကိုမဖြည်ခဲ့တာ ။ အခုဘဝမှာ သူ့ရဲ့နုရွတဲ့ နူးညံ့မှုတွေက အိမ်မိသားစုနဲ့ မောင့်အပေါ်တွင်သာ ။

♡︎Someone Like You♥︎{မောင့်လိုလူ} Donde viven las historias. Descúbrelo ahora