Part_3.

4.8K 399 5
                                    

ဒီလိုနဲ့ ရိပေါ်လေးက ရှောင်းကျန့်လေးကို အမြဲကာကွယ်ပေးသလို ရှောင်းကျန့်လေးက ညညဆို တရဲရန်က ရိပေါ်လေးကိုကာကွယ်ပေးခဲ့တယ်။ အခုဆို ရိပေါ်ရော ရှောင်းကျန့်ရော အထက်တန်းတောင်ရောက်လာခဲ့ပြီ။ ဝမ်အိမ် နဲ့ ရှောင်းအိမ်က မောင်နှမတွေလိုသိပ်ချစ်ကြတဲ့ အိမ်၂အိမ်လိုဖြစ်နေပြီလေ။ ရှောင်းလေး နဲ့ ဝမ်လေးက တစ်အိမ်ကို တစ်လှည့်စီ ငယ်ငယ်ကတည်းက အတူအိပ်ခဲ့ကြသည်။တစ်ရက်မှ တစ်ယောက်ထဲအိပ်တယ်ဆိုတာမရှိခဲ့ဘူး။

အသက်ကြီးလာတော့ ရှောင်းလေးကနူးညံ့တဲ့ ကောင်လေးလိုမျိုးပျော့ပျော့ပြောင်းပြောင်းနဲ့တကယ်ချစ်စရာသိပ်ကောင်းသည်။ ရိပေါ်လေးကကျ အနေတည်ပြီး ရှောင်းကျန့်လေးရှေ့မှာသာ အပြုံးချိုချိုတွေ့ရတက်သည်။ ရိပေါ်လေးသဲသဲလှုပ်ဂရုစိုက်တာ ရှောင်းကျန့်တစ်ဦးပင်ရှိသည်။ဒါပေမယ့် အခုတလောရိပေါ်လေးက ရှောင်းကျန့်လေးကို စကားသိပ်မပြောပဲရှောင်နေသည်လေ။

"ပေါ်တိ!!...ပေါ်တိ!!.ကော ကိုတကယ်စကားမပြောတော့ဘူးလား။ ပေါ်တိ မကြိုက်တာ ဘာလုပ်မိလို့လဲပြောပါ။"

"ရှောင်နေတာမဟုတ်ပါဘူးကျန့်ကော ၊ Exam လည်းနီးနေတော့ စာလုပ်နေတာပါ"

ရိပေါ် အခုတလောသူ့စိတ်တွေမူမမှန်နေလို့ သူ ကျန့်ကောကို ခနရှောင်နေခြင်းပင်။ကျောင်းက သူငယ်ချင်းတွေတိုင်ပင်ကြည့်တယ် ရည်းစားထားကြည့်ဆိုလို့ ကျောင်းက queen ရန်းလီ နဲ့တွဲကြည့်မလို့ စိတ်ကူးထားသည်။ရန်းလီကျဲကို propose လုပ်နေရလို့ ကျန့်ကောနဲ့ မတွေ့ဖြစ်သလို ဖြစ်နေတာ။

"အဲ့ဒါဆို ကောနဲ့ စာအတူလုပ်မယ်လေ ။ ကော မသိတာတွေ ရှင်းပြနော်"

"ကျနော် ရန်းလီ နဲ့လည်း ချိန်းထားတာရှိလို့ ကျန့်ကော နောက်နေ့မှအတူစာလုပ်မယ်လေ"

"ရန်းလီ နဲ့ က...."

"ကျနော် ရည်းစားထားကြည့်မလို့ ကော..

ဘုတ်~~

သူ့ရှေ့မှာ ခေါင်းငုံကာ လည်ပင်းပွတ်ပြောနေတဲ့ ရိပေါ်လေးစကားကြောင့် ရှောင်းကျန့် ကိုင်ထားတဲ့စာအုပ်တောင် ပြုတ်ကျသွားခဲ့တယ်။ ဒါကြောင့်ပေါ်တိလေးက သူ့ဆီသိပ်မလာ စကားသိပ်မပြောတော့ပဲ ညအိပ်ရင် တောင် မိုးချုပ်မှ သူ့ဘေးနား လာအိပ်တက်တာပေါ့။ ရိပေါ်လေးက သူ့ထက်ချစ်ရမယ့်သူ တောင်တွေ့သွားခဲ့ပြီပဲ။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now