Part_20.

3.7K 251 14
                                    

အင့်...ဟင့်...အင့်..

"မောင်.....အသက်ဆီပြန်လာပါ..အင့်"

ဝမ်မေ့ယမ် သားအခန်းရှေ့ကဖြတ်အလျှောက် အခန်းထဲကငိုသံကြားလို့ ဝင်သွားရသည်။ကုတင်ပေါ်မှာ..အိပ်နေတဲ့ သားက ငိုနေပြန်ပြီ။ဝမ်မေ့ယမ် ကုတင်ပေါ်ဘေးစောင်းထိုင်ကာ သားကို လှုပ်နှိုးရတော့သည်။

"သားရှောင်းလေး...ထပါအုံး"

"ဟင့်...အင့်..အင့်"

"မားမား!!!သား...အဲ့ဖြစ်ရပ်ကြီး အိမ်မက် မက်ပြန်ပြီ"

"သားရယ်"

ဝမ်မေ့ယမ် သားကိုယ်လေးကို ဖတ်ထားလိုက်သည်။ သားလေးနာမည်က ဝမ်ရှောင်းကျန့် ဘာလို့ အဲ့နာမည်ပေးခဲ့ရလဲဆိုရင် သူတို့လင်မယား ရိပေါ်လေးဆုံးပါးသွားပြီးနောက် ကလေးထပ်ယူဖြစ်ခဲ့ကြသည်။ မွေးလာတော့ အနှီးထဲက ကလေးကိုသူတို့ကြည့်ကာ တကယ်အံသြမိခဲ့သလို ပျော်ရွှင်မှု ဝမ်နည်းမှုတွေပါရောပါလာခဲ့ရသည်။ ကလေးရဲ့ နှုတ်ခမ်းအောက်မှာ မှဲ့နက်လေး နဲ့ သူ ကလေးမွေးတဲ့ ဆေးရုံကို ရှောင်းယုရှန်း လိုက်လာခဲ့သည်။ ယုရှန်းက ကလေးကို ကြည့်ကာ ရှောင်းလေးမှ ရှောင်းလေးပါလို့ မျက်ရည်တွေကျကာ ရေရွတ်နေခဲ့သည်။

အဲ့ဒါကြောင့် ကလေးနာမည်ကို ရှောင်းကျန့်လို့ပဲ ပေးဖြစ်ခဲ့သည်။ တကယ်လဲ ရှောင်းလေး မှ ရှောင်းလေးအစစ်ပါ တဖြည်းဖြည်းကြီးလာလေ ရှောင်းလေးနဲ့တစ်ရုပ်ထဲတူလာလေပါပဲ။ ရှောင်းလေး ၃နှစ်သား အရွယ်တုန်းက ရှောင်းချန်ယွီ အခုသတင်းကြားပြီး ဝမ်အိမ်ကို လာခဲ့သည်။ ကလေးကိုချီမယ်လုပ်တော့ ရှောင်းလေးက အတင်းငိုကာ ချန်ယွီကို အကပ်မခံ ခဲ့ဘူး။ အခုဆို သားလေးက ၁၈နှစ်ပင်ရှိနေပြီ။ အသက်၄၀ကျော်မှ ကလေးပြန်ယူတော့ သူတို့အသက်တွေတောင် ၆၀ပင် ကျော်နေခဲ့ပြီ။ ရိပေါ် လေး နဲ့ ရှောင်လေး အုတ်ဂူသွင်းတုန်းကလည်း ခွာမရတဲ့လက်ကြောင့် ၂ယောက်အတူသာ ဂူသွင်းခဲ့ရသည်။ ဝမ်မေ့ယမ် ကလေးမွေးတုန်းက ရှောင်းလေးတောင် ပြန်ဝင်စားလာခဲ့တာ သူတို့သားရိပေါ်လေးရောဆိုပြီး တွေးမိခဲ့သေးသည်။

"မားမား...အဲ့အိမ်မက်ထဲက ဘယ်သူတွေလဲဟင်"

ရှောင်းကျန့် ငယ်ငယ်ကတည်းက မားကို ဒီအိမ်မက်အကြောင်းပြောပြဖူးသည်လေ။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now