Part_29.

3.3K 244 41
                                    

ဝမ်မေ့ယမ် သူ့ယောကျာ်းရော ရှောင်းချန်ယွီပါ ဖုန်းဆက်လှမ်းခေါ်ထားလိုက်သည်။သူ့သားလေးကို ပြန်တွေ့ရလိမ့်မယ်လို့ တကယ်မထင်ထားခဲ့မိတာ ယုရှန်းကလည်း သားလေးနှစ်ယောက်ကို ကြည့်ပြီး အခုထိမျက်ရည်ကျနေတုန်း သူတို့ ရှောင်းအိမ်ကြောင့်သာ ကလေးတွေ အဖြစ်ဆိုးမျိုး ကြုံခဲ့ရတာလေ ။

သားဝမ်လေး!~

ရိပေါ် မားမားတို့နဲ့အတူ ထိုင်စကားပြောနေရင်း အိမ်ရှေ့က ကားရပ်သံနဲ့အတူ သူ့နာမည်ကို ခေါ်လိုက်တဲ့ အသံကြောင့် သူ ထကာကြည့်လိုက်မိသည်။ suit brown အရောင် နဲ့ဆံပင်တွေတောင်ဖြူနေပြီဖြစ်တဲ့သူပါးပါး..ဒါပေမယ့် ပါးပါးက ခန့်ညားနေတုန်းပါပဲ။ရိပေါ် သူ့ပါးပါးဆီသွားကာ ပြေးဖတ်ထားလိုက်သည်။ပါးပါးက အသက်သာ ကြီးပေမယ့် သူ့ကိုတင်းကြပ်စွာ ပြန်ဖတ်ထားနိုင်တုန်းပင်။ ပါးပါး က မျက်ရည်တွေကျရင်း သူ့ကိုအနမ်းတွေပေးနေသလို သူလည်း ပါးပါးကို ဖတ်ကာ တကယ်ပျော်မိသည်။ ပါးပါး နောက်ကလူရိပ်မြင်တော့ ရိပေါ် ပါးပါး ပုခုံးကနေကျော် ကြည့်လိုက်သည်။ဟင်!!..သူကို ကြည့်နေတာ ရှောင်းပါး ။ ရိပေါ် မျက်ရည်တွေဝဲတက်လာကာ အရင်ကပုံရိပ်တွေပြန်မြင်လာတာ ကြောင့် ခေါင်းကို ခါရမ်းလိုက်မိသည်။ အဲ့ဒီနောက် ပါးပါး ဖတ်ထားတာကနေရုန်းထွက်လိုက်သည်။ သူ့ အသက်ဆီပြန်ပြေးသွားပြီး အသက်ကို ရင်ခွင်ထဲထည့်ကာ တင်းကြပ်နေအောင်ဖတ်ထားလိုက်သည်။

"ဟင့်အင်.....အသက်ကို ပြန်မပေးနိုင်ဘူး...။ ကျွန်တော် တကယ်ချစ်တာပါ ပြန်မပေးနိုင်ဘူး"

မျက်ရည်တွေကျကာ ခေါင်းတရမ်းရမ်းနဲ့ နှုတ်ကလည်းရေရွတ်နေရင်း သားရှောင်းလေးကို ဖတ်ထားတဲ့သူကို မိဘတွေကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်သည်။

သားရိပေါ်က သူ့ကိုတွေ့တာနဲ့ ရှောင်းလေးကို ဖတ်ထားလိုက်တာများ ကလေးတွေအခုလိုဖြစ်ရတာ သူ့ရဲ့အတ္တကြောင့်သာ အခုထိ ရှောင်းလေးက သူ့ကိုအကပ်မခံသေးသလို ရိပေါ်လေးကပါ သူ့ကိုမြင့်ပြီးလန့်နေပြန်သည်။ ရှောင်းပါးသားတို့၂ယောက်နား ကပ်သွားလိုက်မိသည်။

"ဟင့်အင်...မလာနဲ့...မပေးဘူး အသက်ကို မပေးနိုင်ဘူး"

"ဟင့်အင်း....ရှေ့တို့မလားနဲ့ ခေါ်မသွားပါနဲ့ "

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now