အပိုင်း(၁)

327K 11K 921
                                    

Pacific Private University.
Mandalay.

မနက်အစောပိုင်း အတန်းချိန်တက်နေကြသည့် အချိန်ဖြစ်၍ကျောင်းအတွင်းတွင်
အနည်းငယ်လူရှင်းလျက်ရှိသည်။

Private University ဖြစ်၍ အစကတည်းက
လူဦးရေနည်းသည့်အတွက်
ကျောင်းအတွင်းတွင်လည်း
တိတ်ဆိတ်လျက်ရှိသည်။

အထူးသဖြင့် သူအမြဲတမ်းလာနေတတ်သော
ယခု သူထိုင်နေသည့်
ကုက္ကိုပင်ကြီးအောက်သည်
တစ်ကျောင်းလုံးတွင်
လူအရှင်းဆုံးနေရာဖြစ်သည်။

AirPod မှ သီချင်းသံကို volume နည်းနည်း
လျှော့ချလိုက်သည်။ထို့နောက် လွယ်အိတ်ထဲမှ
ဖတ်လက်စ စာအုပ်ကို ဆွဲထုတ်လိုက်သည်။

Bookmark နဲ့မှတ်ထားသည့် စာမျက်နှာနေရာကို လှန်ပြီးသည့်အချိန်တွင်ပင် သူ့နောက်ကျောဆီမှကြားလိုက်ရသော တခစ်ခစ်ရယ်သံက
ဖွင့်ထားသည့် သီချင်းသံတိုးတိုးကိုဖြတ်၍
သူ့နားစည်သို့ ရိုက်ခတ်လာသည်။

စိုင်းအံ့သျှိုင်းယံ မျက်မှောင်ကျုံ့လိုက်မိ၏။
ထို့နောက် တစ်ဆက်ထဲပင် သီချင်းကို
ပိတ်လိုက်မိ၏။
တခစ်ခစ် ရယ်သံ သည်
တိတ်ဆိတ်သွားပြန်သည်။

သစ်ပင်၏ ပင်စည်ကို မှီထိုင်နေရာမှ
ဘေးဘီသို့ တစ်ချက်ကြည့်လိုက်မိသည်။
ပကတိရှင်းလင်းတိတ်ဆိတ်စွာ....။

စာအုပ်ဆီသို့ ပြန်လည် အကြည့်ပို့ကာ
အာရုံပြန်စိုက်လိုက်မိသည်။
ထိုအခိုက် သူ့အနောက်တည့်တည့်ဆီမှ
ကြားလိုက်ရပြန်သော တခစ်ခစ် ရယ်သံ။

ကျောပြင်ဆီမှ ဖျင်းခနဲနေအောင် ကြက်သီးထသွားရသည်ကြောင့် ထိုင်နေရာမှ ချက်ချင်း ထရပ်ကာ
မှီထိုင်ထားသည့် သစ်ပင်၏ နောက်ကျောဘက်ကို
သွားကြည့်လိုက်သည်။

" လန့်သွားတာပဲကွာ.."

စိုင်းအံ့သျှိုင်းယံ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

တခစ်ခစ် ရယ်သံ၏ အကြောင်းအရင်းဖြစ်သော
သူ့၏ နောက်ကျောဘက် သစ်ပင်၌ သူ့လိုပင်
မှီထိုင်နေသည့် ကောင်လေးကတော့ သူ့ကို
မျက်လုံးဝိုင်းတွေနဲ့ ကြောင်အစွာ
မော့ကြည့်နေလေသည်။

RO ( ရို ) (Completed)Where stories live. Discover now