Thadinkyut Mini Special (Both)

55.8K 4K 419
                                    

"ဘုန်းကြီးပါစေ သက်ရှည်ပါစေ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေကွယ်"

"ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ခင်ဗျ"

သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင်
လေး ပြောလိုက်သည့်
ရှန်ခွန်းနောင်ကို ငဲ့ကြည့်၍ စိုင်းအံ့သျှိုင်းယံ
အလိုလိုပြုံးမိသည်။

"ကဲ မုန့်ဖိုးပေးရမှာပေါ့..ငါ့သားနှစ်ယောက်ကို"

ဖေဖေက သူတို့နှစ်ယောက်ကို ပြုံးကြည့်နေတုန်းမှာပဲ အန်တီလေးက စားပွဲခုံပေါ်တင်ထားသည့် သူမ၏
ပိုက်ဆံအိတ်ကိုယူလိုက်သည်။

စိုင်းအံ့သျှိုင်းယံက

"ကျွန်တော်ကရတယ် အန်တီလေး
ကလေးကိုပဲ ပေးလိုက်"

"အန်တီလေး သားလည်း မယူတော့ဘူးနော်"

"ပေးချင်လို့ပါကွယ် သားကြိုက်တဲ့အရုပ်
လေးတွေ ကြိုက်သလောက် ဝယ်ပစ်လိုက်"

အန်တီလေးက ညောင်ရွှေက သူတို့အိမ်ကို
တစ်ခေါက်ရောက်ခဲ့ပြီးကတည်းက ဗီရိုနဲ့တစ်လုံးရှိသည့် အရုပ်မျိုးစုံကို မြင်ပြီး ရှန်ခွန်းနောင်၏
ကလေးဆန်သည့် ဝါသနာလေးကို
သိသွားခဲ့တာ ဖြစ်သည်။

အခုလည်း ရှန်ခွန်းနောင်၏ လက်ထဲကို
တစ်ထောင်တန် တစ်အုပ်
လာထည့်၍ ပြုံးနေလေသည်။

"ကျေးဇူးပါခင်ဗျ"

"ဖေဖေတော့ မပေးတော့ဘူးနော်"

ဦးစိုင်းယံက ရှန်ခွန်းနောင်ကို ပြုံးမိန့်မိန့်ကြည့်၍
ပြောသည့်အခါ ရှန်ခွန်းနောင်ကလည်း ခေါင်းလေးကို ဆတ်ခနဲ တစ်ချက်ညိတ်လိုက်ပြီးမှ

"ဟုတ်ကဲ့ ဖေဖေ"

"နောက်တာပါကွာ။ အိပ်ခါနီးကျ သား အံ့သျှိုင်းယံ
ဖေဖေ့ အခန်းထဲ လာယူလိုက်"

ထိုအခါ ရှန်ခွန်းနောင်က..

"ဖေဖေကလည်း မလိုပါဘူး..။ ဖေဖေ က
ကိုကို့ တစ်ယောက်လုံးကို သားကို အပိုင်ပေးထားပြီးပြီပဲ .. သားအတွက် လုံလောက်နေပြီ ဟီး"

ဘေဘီ့ရဲ့ အပြောကြောင့် သူအလိုလို ပြုံးလိုက်
မိသလို  ဖေဖေနဲ့ အန်တီလေးကလည်း
သဘောတကျ ရယ်လေ၏။ 

RO ( ရို ) (Completed)Where stories live. Discover now