အပိုင်း(၁၅)

99.7K 7.2K 786
                                    

ကိုကိုဝယ်ပေးတဲ့ မိုင်လိုဗူး တွေကို
' လုံးဝ မသောက်ရ'
ဆိုသည့် စာကပ်ကာ ရေခဲသေတ္တာထဲတွင်
စီစီရီရီသွားထည့်ပြီး
အပေါ်သို့ ပြန်တက်လာခဲ့သည်။

အိမ်မှာက မေမေရယ်၊ မဖြူရယ်၊ ရှန်ခွန်းနောင်ရယ်သာ ရှိလို့ အိမ်သားတွေက ဘယ်သူမှ
မသောက်ပေမဲ့ တစ်ခါတလေ မေမေက သူ့ဧည့်သည်လာလို့ ကလေးတွေ ပါရင်
ရှန်ခွန်းနောင်ရဲ့ မုန့်တွေ ၊ အအေးတွေ ထုတ်ကျွေးသည်၊ ထုတ်တိုက်သည်မှာ ခဏခဏပင် ။

ရှန်ခွန်းနောင် အခန်းထဲသို့ရောက်သည့်အခါ
အိပ်ယာပေါ်တွင်တင်ထားသော ဖုန်းလေးက
Ringtone သံမြည်နေတာကြောင့် ပြေးသွားကာ
ကြည့်လိုက်မိသည်။

ကိုကိုခေါ်တာဖြစ်တာကြောင့် ရှန်ခွန်းနောင်
အလိုလို ပြုံးသွားမိပါ၏။

" hello .."

"အင်း..မအိပ်သေးဘူးမလား.."

" ဟုတ်.. ကိုကို ဖုန်းဆက်မှာကို စောင့်နေတာ.."

" ကိုယ် ညစာ ခဏစားနေလို့.."

" ညစာက stream ပြီးမှ စားတာလား.."

" အများအားဖြင့်ပေါ့။ stream နားတဲ့ရက်တွေတော့ စောစော စားတာပေါ့.."

" ဘာစားထားလဲ.."

" ပေါင််မုန့် နဲ့ coffee"

ရှန်ခွန်းနောင် မျက်မှောင်လေးကုပ်၍
ငြိမ်နေလိုက်မိသည်။
ကျန်းမာရေး ဂရုမစိုက်တတ်တဲ့ ကိုကို့
အကျင့်ကို တကယ်မကြိုက်ပါ။

" ဘာလို့.. တိတ်သွားတာလဲ..."

" ....."

" ရှန်ခွန်းနောင်.."

ခပ်တိုးတိုးခေါ်လာသည့် ကိုကို့အသံ..။

" ကျောင်းက ညနေပြန်ရောက်ရင်
ကိုကို မချက်တတ်ဘူး ဆို.. deli နဲ့တစ်ခုခု
မှာစားလို့ရတာပဲ မဟုတ်ဘူးလား.."

" ဘာကိုလဲ.."

" ကိုကို အစားအသောက်သေချာမစားတာကို
ပြောနေတာ.."

"ညစာဆိုတာ အစကတည်းက အများကြီး
စားလို့ ကောင်းတဲ့အရာမှ မဟုတ်တာ..။
weight တက်လာရင် ဘယ်လိုလုပ်မလဲ.."

ကိုကိုပြောတော့ ညနေက ထမင်းတစ်ပန်းကန်၊
ပေါင်မုန့်ကြက်ဥကြော်နဲ့ မိုင်လို တစ်ခွက် သောက်ထားသည့် ကိုယ့်ကိုယ် ကိုယ် ပြန်တွေးမိ
သွားရသည်။

RO ( ရို ) (Completed)Where stories live. Discover now