အပိုင်း(၁၆)

99.4K 6.9K 1K
                                    

" March လကုန်လောက်မှာ ကျောင်းက
ကျောင်းသင်္ကြန် လုပ်ပြီးတာနဲ့
excursion ( အပျော်ခရီး) ထွက်ပေးမယ်တဲ့"

မနက်ခင်းအတန်းမစခင် ဖုန်းကြည့်နေသည့်
လွှမ်းသုတက ပြောလာသည်။

" ဘယ်လိုသိတာလဲ.."

ရှန်ခွန်းနောင် က တုတ်ချိုချဉ်လေးကို
စုပ်နေရင်းမှမေးလိုက်သည်။

" board မှာ ကပ်ထားတယ်လေ။ ဒီနေ့တောင်
အတန်းထဲကို စီနီယာတွေ
လိုက်မယ့်လူ စာရင်းလာကောက်ကြမယ်
ထင်တယ်"

" အဝေးကြီးလိုသေးတာကို.."

" မလိုတော့ဘူးလေ..။ အခုတောင် March
ထဲဝင်နေပြီ"

နန်းရတီက ဝင်ပြောသည်။
ရှန်ခွန်းနောင် ထိုအခါမှ နှုတ်ဆိတ်လိုက်မိသည်။

ကိုကိုနဲ့တွဲတာတောင်.. နှစ်ပတ်ကျော်နေပြီပဲ..။
အချိန်တွေတရွေ့ရွေ့ကြာခဲ့ပေမဲ့..
တစ်ရက်မပျက် ပျော်ရွှင်ခဲ့ရ၊ ကြည်နူးခဲ့ရလို့လား မသိ .. မနေ့တစ်နေ့ကလိုပဲ ခံစားရသည်။

" မင်းတို့ လိုက်မှာလား"

" ဘယ်သွားမှာလဲလည်း မသိသေးဘဲနဲ့"

လွှမ်းသုတကမေးသည့်အခါ..
ထက်နှင်းဝေက ပြန်ပြောသည်။
နန်းရတီကလည်း ထောက်ခံသလို ခေါင်းညိတ်၏။

သူ့ကိုမေးဆတ်ပြလာသော
လွှမ်းသုတကိုကြည့်ကာ
ရှန်ခွန်းနောင်က ပြုံးစိစိလေးလုပ်လျက်..

" ကိုကို လိုက်ခိုင်းရင် လိုက်မယ်.."

" အမလေးဟဲ့..!!!"

ပြိုင်တူ ထွက်လာသော အသံသည် ..
နန်းရတီတို့မိန်းကလေးနှစ်ယောက်ဆီမှ
ဖြစ်သည်။

လွှမ်းသုတက ရယ်လိုက်ပြီးမှ သူ့ဘေးတွင်
ထိုင်လျက်ဖုန်းကြည့်ကာ
တိတ်ဆိတ်နေသည့် ..ဝေမှူးပိုင်ကိုလည်း
ကြည့်လိုက်သည်။

ဝေမှူးပိုင်ကလည်းသူ့ကို ပြန်ကြည့်လာမှ..

" မင်းရောလိုက်မှာလား.."

" ဘယ်လဲ.."

" အခုပြောနေတာကို .. excursion ပါဆို.."

" မင်းရော.."

သူမေးတာကို မဖြေဘဲ သူ့ကို မေးခွန်းပြန်ထုတ်
လာသည့် ဝေမှူးပိုင်ကြောင့် လွှမ်းသုတ
ချက်ချင်းပြန်မဖြေနိုင်ဘဲ
ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။

RO ( ရို ) (Completed)Where stories live. Discover now