အပိုင်း(၆)

95.7K 7.3K 823
                                    

"နောင်နောင် မင်းရဲ့အန်တီလေးက
ဖုန်းဆက်တယ်။ ကိုဝန်းတို့ နောက်ကျနေလို့
ကြီးကြီးကို သူပဲ အိမ်ပြန်ပို့ပေးလိုက်ပြီတဲ့"

Bar မှ ပြန်လာသည့် အချိန်က
ည ၁၁ နာရီခွဲဖြစ်နေပေပြီ။
မြို့ကြီးဖြစ်တာကြောင့် လူသွားလူလာ
မပြတ်ပေမဲ့ အနည်းငယ်တော့ ရှင်းစပြုနေပြီ..။

ကိုမင်းခန့်အောင်ကို အိမ်ပြန်လိုက်ပို့ပြီးသည့်နောက်ကားပေါ်တွင် သုံးယောက်သာ
ကျန်ခဲ့တော့သည်။

ကိုဝန်းက ဖုန်းပြောနေသည်ကို
အဆုံးသတ်လိုက်ပြီး
ရှန်ခွန်းနောင်ကို ပြောလာသည့်အခါ
လက်မှာ ပတ်ထားသည့်
နာရီကို တစ်ချက်ကြည့်လိုက်ကာ
ရှန်ခွန်းနောင်ပြန်ပြောလိုက်၏။

" ဟုတ်..။ ကျွန်တော် တစ်ယောက်တည်း
ပြန်လိုက်တော့မယ်လေ အဲ့ဒါဆို။
ဆိုင်ကယ်ကတော့ ကိုဝန်းတို့ အိမ်မှာ
မဟုတ်လား"

" အင်း ဟုတ်တယ်လေ။"

" တစ်ယောက်တည်း မပြန်ပါနဲ့..။
နောက်ကျနေပြီ။
ကိုယ်လိုက်ပို့ပေးမယ်။"

ကားမောင်းနေသည့် အစ်ကိုက
ဝင်ပြောလိုက်ခြင်း..။
ရှန်ခွန်းနောင်မသိမသာလေး ပြုံးလိုက်မိသည်။

" ဆိုင်ကယ်ကို နိုင်ဝန်းသော် ..မင်းရဲ့
အိမ်မှာထားခဲ့လို့ဖြစ်တယ်မလား.."

" အင်း ဖြစ်တယ်လေ..။
နောင်နောင့်အိမ်ကလည်း
ငါ့အိမ်နဲ့ သိပ်မဝေးဘူး။
အဲ့ဒါဆို ငါ့ကို အိမ်မှာချပေးပြီးမှ နောင်နောင့်ကို မင်းပြန်ရင်းနဲ့ လိုက်ပို့လိုက်တော့နော်..Eric"

" အင်း"

ကိုဝန်းနဲ့ပဲ ပြောနေခြင်းဖြစ်တာမို့ ရှန်ခွန်းနောင်
အသံတိတ်ကာ နေလိုက်မိတော့သည်။

အဲ့ဒါဆို.. အိမ်အပြန်လမ်းမှာ..
နှစ်ယောက်တည်း ပြန်ရမှာပေါ့...။

ရှန်ခွန်းနောင် ပျော်မိသွားပြီးမှ
အချိန်အနည်းငယ်လောက်လေးပဲ ဖြစ်သည်ကို
တွေးကာ အောက်နှုတ်ခမ်းလေးကို
စူထော်လိုက်မိသည်။

ဖြစ်နိုင်ရင် အခုလို သူ့အိမ်ကို ကိုဝန်းအိမ်နဲ့
လမ်းအနည်းငယ်ခြားရုံလေးလောက်မဟုတ်ဘဲ..
ပြင်ဦးလွင်လောက်မှာပဲ ဖြစ်ဖြစ်
ရှိစေချင်မိပါသည်..။

RO ( ရို ) (Completed)Where stories live. Discover now