Love Sequel 7 (SASY + SKN)

73K 4.3K 185
                                    


ဒီနေ့က hotel paradise တွင် Miss ရွေးပွဲတစ်ခု
ကျင်းပရန်ရှိနေတာကြောင့် events planning
ဘက်က တာဝန်ရှိသူတွေအကုန်လုံး
အလုပ်ရှုပ်နေကြသည်။

အထူးသဖြင့် ရှန်ခွန်းနောင်ပင်။

ဒီနေ့ညနေတွင် ကျင်းပမည့်ပွဲကို မနေ့ကတည်းက
အကုန်ပြည့်စုံအောင် စီစဉ်ပြီး ဖြစ်နေပေမဲ့
စိတ်မချနိုင်ဘဲ မနက်ကတည်းက
ဟိုနားလေးသွားကြည့်လိုက်၊
လိုအပ်တာတွေ ပြောလိုက် ၊
ဒီနားလေးသွားကြည့်လိုက် စိတ်တိုင်းမကျမချင်း
ပြန်ပြင်ဆင်ရလိုက်ဖြင့်
နဖူးတွင် ချွေးလေးတွေပင် စို့နေတော့၏။

ဒီပွဲက သူကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး
ပြင်ဆင်ထားရသော ပွဲဖြစ်တာကြောင့်
တစ်ခုခု မှားယွင်းသွားမှာကိုလည်း စိုးရိမ်မိသည်။

"မညိုမီ ခုနက sound system error ဖြစ်နေတယ်လို့
ပြောတာ အဆင်ပြေပြီလား ကျွန်တော့်ကို
တစ်ချက်သွားမေးပေးပါနော်.."

ဒိုင်တွေရဲ့ နေရာထိုင်ခင်းကိုစစ်ဆေးနေရင်းမှ
သူ့ဘေးနားတွင်ရပ်နေသော ဝန်ထမ်းအစ်မကို
ပြောလိုက်သည်။

"ဟုတ်ကဲ့ရှင့်"

"က်ိုမိုး မီးရော အဆင်ပြေပြီလား perfect
ဖြစ်ပြီလား"

"ဟုတ်ကဲ့ဗျ ဖြစ်ပါပြီ"

"ကျွန်တော့်ကို တစ်ချက်လေးထပ်
သွားစစ်ပေးပါဦး။
ပြီးတော့ Miss တွေနားမယ့် အခန်းနဲ့
မိတ်ကပ်ပြင်မယ့် အခန်းတွေကိုရော
နောက်ဆုံးတစ်ခေါက် ပြန်စစ်ဖို့ပြောလိုက်ဦးနော်။
ခဏနေ သူတို့လာကြတော့မှာ။
ဝန်ထမ်းတွေကိုလည်း အဆင်သင့်လုပ်ထားဖို့
ပြောလိုက်တော့ ကိုမိုး"

"ဟုတ်ကဲ့"

Events planning ဘက်က ဝန်ထမ်းများဖြစ်သော
မညိုမီနဲ့ ကိုမိုး ထွက်သွားပြီးနောက် ဝတ်ထားသည့်
ဂျင်းဘောင်းဘီ အိတ်ထောင်ထဲ ထည့်ထားသော
ဖုန်းထဲသို့ message ဝင်လာတာကြောင့်
ရှန်ခွန်းနောင်ထုတ်ကြည့်လိုက်မိသည်။

'Bby ကိုယ့်ရုံးခန်းထဲ ခဏလာခဲ့'

တစ်ခုခုလွဲချော်သွားမှာကို
စိုးရိမ်စိတ်တို့ဖြင့် ပင်ပန်းနေသည့်ကြားမှပင်
ရှန်ခွန်းနောင် ပြုံးလိုက်မိသည်။

RO ( ရို ) (Completed)Where stories live. Discover now