အပိုင်း(၃၁)

111K 6.8K 915
                                    

ငွေဆောင်က ပြန်ခဲ့သည့်နောက်တွင်တော့
သူတို့ရဲ့နေ့ရက်တွေဟာ ထက်နှင်းဝေပြောခဲ့သလို
စာထဲတွင်သာခေါင်းစိုက်နေရတဲ့
နေ့ရက်တွေဖြစ်ကုန်သည်။

April လကုန်တွင် စစ်မည့်စာမေးပွဲအတွက်
သူတို့ကို တိကျတဲ့ မေးခွန်းသဘောမျိုး ကြိုပေးထားခြင်းမရှိတာကြောင့် သင်ခဲ့သည့် စာတွေကို တစ်လုံးမကျန်၊တစ်ခန်း မကျန်ပြန်ကြည့်ရသည်။

တခြားကျောင်းတွေနှင့် အချိန်စာရင်းမတူသည်မှာ
နည်းနည်းတော့ဆိုးသည်။
April လလယ်လောက်ကစ၍ private study ချိန်
နှစ်ပတ်ပေးပြီး လကုန်မှာဖြေရမည်ဖြစ်တာကြောင့်
တခြားသူတွေ လည်ပတ်နေမည့် သင်္ကြန်မှာ
သူတို့က စာတွေနဲ့ခေါင်းကိုက်နေရမည့်ပုံပဲ။

စာမေးပွဲဖြေပြီးသည့်အခါတွင်တော့
တခြားကျောင်းတွေလို နှစ်လသာပိတ်မည်မဟုတ်၊
သုံးလတိတိ ပိတ်မည်ဖြစ်သည်။

အခုတော့ private study ချိန်ပင်မရောက်သေးတာ
ကြောင့် ကျောင်းကိုလာရပြီး အတန်း
အားသည့်အချိန်လေးတွေမှာတောင်
အရင်လို ဟေးလားဝါးလား မလုပ်နိုင်တော့ဘဲ
Library ကိုပြေးနေရသည်။

အရင်က ကိုကို့ကို ပိုးပန်းတုန်းက တောင်းခဲ့တဲ့
မေးခွန်းဟောင်းတွေကလည်း အခုမှ
တကယ်အသုံးဝင်လာသည်။

ကိုကို ပေးထားသည့် ကိုကို့ရဲ့
မှတ်စုစာအုပ်လေးသည်လည်း
တော်တော်အဆင်ပြေ၏။

သပ်သပ်ရပ်ရပ်မှတ်ထားသည့်
ကိုကို့ရဲ့လက်ရေးစောင်းစောင်းလေးတွေကအစ
သူ့မှာ ကြည့်မဝ။

Library ထဲတွင် စာကြည့်နေရင်းမှ ဖုန်းကိုထုတ်ကာ..ဖွင့်ထားသည့် ကိုကို့ရဲ့ မှတ်စုစာအုပ်လေးကို
ဓာတ်ပုံရိုက်လိုက်သည်။

ထို့နောက် myday တင်လိုက်၏။

'I'm madly in love with
his handwriting  hee hee ^^'

Myday တင်ပြီးတာနဲ့ ကိုကို့ရဲ့ conversation
လေးကို တစ်ချက်သွားကြည့်လိုက်သည်။

Active now ဖြစ်မနေ။
ရှန်ခွန်းနောင်တို့သာ အတန်းမရှိ၍
Library ရောက်နေပေမဲ့ ကိုကိုတို့ က
အတန်းရှိသည် ထင်သည်။

RO ( ရို ) (Completed)Where stories live. Discover now