အပိုင်း(၂၇)

97.4K 6.6K 1.1K
                                    

အိမ်ပြန်ရောက်တာနဲ့ တံခါးကို လော့ခ်ချကာ..
မိုးရေစိုသည့် အဝတ်တွေပင်မလဲနိုင်ဘဲ
ခုတင်ပေါ်တွင် အားလျော့စွာ ထိုင်ချလိုက်မိသည်။

တဖြည်းဖြည်းသည်းလာခဲ့တဲ့
မိုးရေတွေထဲမှာ သူအိမ်ထိ
ဘယ်လို ဆိုင်ကယ် မောင်းပြီး ပြန်ခဲ့မိလဲ တောင်
ကိုယ့်ကိုယ်ကိုယ် သတိမရမိတော့ဘူး..။

သူနဲ့မဟုတ်သော
ကိုကို့နှုတ်ခမ်းဆီမှ အနမ်းတစ်ခုကိုသာ
ဇာတ်လမ်းပြကွက်တစ်ခုလို အထပ်ထပ်အခါခါ
ပြန်မြင်ယောင်နေမိသည်။

အစ်မမေချယ်ရီလင်း၏ ပြောစကားအရ
ကိုကိုပြောခဲ့သလို ရိုးရိုးသူငယ်ချင်းပတ်သက်မှုမှ
မဟုတ်ခဲ့တာ..။

ပြီးတော့ ရည်းစားမဖြစ်ခင်က..
New Ocean မှာ တွေ့ခဲ့ရတုန်းကရောပဲ။
ကိုကို့ရဲ့ လက်မောင်းကို အဲ့ဒီအစ်မက
တွယ်ချိတ်ထားခဲ့တာ..။

စာသင်ခန်းထဲမှာလည်း.. ကိုကိုက အဲ့ဒီအစ်မကို
နွေးနွေးထွေးထွေးကြည့်နေခဲ့တာ..။

ဒီတစ်ခေါက်လည်း အိမ်အထိ
တန်းတန်းမတ်မတ်ရောက်လာခဲ့တာ..။

ဝမ်းနည်းစွာဖြင့်
ရှိုက်၍ပင်ငိုချလိုက်မိပါသည်။

သူဘယ်လောက်ထိ ကိုကို့ကို အဆုံးရှုံးမခံချင်တဲ့
စိတ်တွေ၊ကိုကို့ဆီမှာ သူ့တစ်ယောက်တည်းသာ
ရှိစေချင်သည့် စိတ်တွေနဲ့ပူလောင်နေရဦးမှာလဲ..။

သူ့မှာ ကိုကို့တစ်ယောက်တည်းပဲရှိခဲ့ပေမဲ့၊
ကိုကို့တစ်ယောက်တည်းကိုသာ ချစ်ခဲ့ရပေမဲ့
ကိုကိုကရော ဘာလို့ အဲ့ဒီလို မဖြစ်ခဲ့ရတာလဲ..။

သတင်းထွက်ခဲ့သလို ကိုကိုက
ရှုပ်တယ်ဆိုတာတွေကရော၊
ဖွင့်ပြောဖြစ်ခဲ့တဲ့ညက bar မှာ ကိုကို့ကို
မိန်းကလေး တစ်ယောက်နဲ့ ရင်းရင်းနှီးနှီး
ပူးပူးကပ်ကပ်တွေ့ခဲ့ရသလိုမျိုး..၊ ကိုကို့ဆီမှာ..
အဲ့ဒီလို ဇယားတွေ ဘယ်နှယောက်တောင်
ရှိနေခဲ့တာလဲ..။

ပြီးတော့ သူကရော
ကိုကို့ အတွက်ဘယ်နေရာမှာလဲ..။

တစ်ချိန်ကျရင်.. သူကရော ကိုကို့ဘေးက
လွင့်ထွက်သွားခဲ့မှာလား...။

အတွေးများဖြင့် စိတ်မွန်းကြပ်လာခဲ့ပါသည်။

ထွက်ပြေးချင်ပါသည်...။

RO ( ရို ) (Completed)Where stories live. Discover now