အပိုင်း(၂)

106K 8.5K 1.2K
                                    

ကျောင်းကားပေါ်မှ ဆင်းလိုက်သည့်အချိန်
လက်ထဲတွင်ကိုင်ထားသော ဖုန်းဆီမှ vibrate ဖြစ်ကာ ဖုန်းဝင်လာသည်။

ရှန်ခွန်းနောင်ကြည့်လိုက်သည့်အခါ ခေါ်ဆိုသူ contact Name က အစ်ကိုဝမ်းကွဲဖြစ်သည့်
ကိုနိုင်ဝန်းသော် ဖြစ်နေ၏။

" ဟုတ်.. ကိုဝန်း"

"နောင်နောင် ကျောင်းရောက်ပြီလား"

" ဟုတ် ခုမှ ရောက်တာ။ ဘာလို့"

ရှန်ခွန်းနောင် ဖုန်းပြောနေရင်းမှ အရှေ့မှ
သွားနေကြသည့် သူငယ်ချင်းသုံးယောက်ကို
အင်္ကျီစလှမ်းဆွဲကာ သူ့ကို စောင့်ခိုင်းလိုက်ရသည်။

" ခု နောင်နောင်တို့ ကျောင်းကန်တင်းမှာ
ရောက်နေတာ ။ ကိုဝန်းရဲ့ သူငယ်ချင်းတွေနဲ့
လာတွေ့တာ။ လာခဲ့မလား နောင်နောင့် အန်တီလေးကလည်း မုန့်ဖိုးထည့်ပေးလိုက်သေးတယ်"

ရှန်ခွန်းနောင် တစ်ချက်ပင် ထခုန်လိုက်မိသည်။

မဟုတ်ရင်တောင်မှာထားသည့်
အရုပ်ဖိုးတွေ ရှင်းရတော့မှာ..။
မေမေ့ဆီက မတောင်းရဲတော့တာမို့
သူငြိမ်နေရတာ။

" ဟီး မုန့်ဖိုးဆိုရင်တော့ ခု လာရမှာပေါ့ ။
ဘယ်ဆိုင်လဲ"

" happy Friday မှာ"

" ဟုတ် ခုလာပြီ ။ ကျွန်တော့် သူငယ်ချင်းတွေရော
ပါတယ်။ breakfast ကိုဝန်း  ကျွေးရမှာနော်"

" အေးပါကွာ.."

ရှန်ခွန်းနောင် ဖုန်းချလိုက်သည်။
ကိုဝန်းက မေမေ့ညီမ ၊ သူ့ရဲ့ အန်တီလေး၏
သားဖြစ်သည်။ အမျိုးအများကြီး မရှိတာကြောင့်
အန်တီလေးတို့မိသားစုနဲ့
ပိုပြီးလည်း ရင်းနှီးကြကာ အန်တီလေးကလည်း ရှန်ခွန်းနောင်ကို တော်တော်လေးချစ်၏။
ကိုဝန်းနဲ့ကလည်းငယ်ငယ်ကတည်းက
ကစားဖော၊ ကစားဖက်တွေပင်။

" ကိုဝန်းလား .."

လွှမ်းသုတကမေးသည်။

" ဟုတ်တယ်
သူ့သူငယ်ချင်းတွေနဲ့လာတွေ့တာတဲ့။
ခုကန်တင်းမှာ.. ငါ့ကိုခေါ်နေတာ"

" ငါတို့ကိုရော စပွန်မှာမလား
မနက်စာမစားရသေးတာနဲ့ အတော်ပဲ"

RO ( ရို ) (Completed)Where stories live. Discover now