ဇာတ်သိမ်းပိုင်း

122K 6.6K 715
                                    

"တော်ပြီ ဝေမှူးပိုင် !
မင်းငါ့ကို တစ်ပတ်တိတိ လုံးဝလာမခေါ်နဲ့ !"

လွှမ်းသုတ တကယ်ပင်ဒေါသထွက်စွာ
ပြော၍ ဖုန်းနံပါတ်ကိုပါ တစ်ခါတည်း
block ပစ်လိုက်သည်။

နေလေ။ အဲ့ဒီမှာတစ်ယောက်တည်းနေ!
တိမ်ပင်လယ်က ပြန်လာကတည်းက
နည်းနည်းလေးမှ အချိန်မပေးနိုင်ဖြစ်နေတော့လည်း
စိတ်ကြိုက်သာ အဲ့ဒီအလုပ်တွေနဲ့
တစ်ယောက်တည်းနေလိုက်!

ဖုန်းကိုဘေးသို့ပစ်ချပြီး
ဂိမ်းဆော့ရန်အတွက် အားသွင်းထားသည့်
iPad ကိုဆွဲယူလိုက်သည်။
ဒီ iPad ကလည်း လွှမ်းသုတမွေးနေ့တုန်းက
သူဝယ်ပေးထားတာမှန်းသတိရတော့
ဒေါသကပြန်ထွက်လာပြန်သည်။

လိုတာမှန်သမျှ သူ့ကိုယ်သူ sugar daddy ကြီးလို
ဖြည့်ဆည်းပေးနေပြီး တစ်ပတ်လုံးမတွေ့ရပြီးမှ
တစ်ခေါက် ကော်ဖီဆိုင်လေး အတူတူ
သွားထိုင်ရအောင်ဆိုတဲ့ သူ့ရဲ့တောင်းဆိုချက်ကိုကျ
တစ်ခါမှ မပြောစဖူး မောင်မအားသေးလို့
နောက်တစ်ပတ်မှ သွားတဲ့..။

ကျောင်းတက်တုန်းက ကျောင်းပိတ်ရက်
တနင်္ဂနွေလေးတောင် မတွေ့ရမနေနိုင်ဘူးလို့
ပြောခဲ့တာ ဘယ်သူမို့လို့လဲ ။
အလကား အပလာကောင် !

မြိုင်ရာဇာတွတ်ပီလိုပြောရမယ်ဆိုလျှင်ဖြင့်
လွှမ်းသုတ ဒီနေ့ကံမကောင်းပါ။

အချစ်ကြောင့် လောင်မြိုက်နေသည့်စိတ်က
ဂိမ်းဆော့ပြီး ထပ်ရှုံးသည့်အခါ ကျွမ်းသည့်
အဆင့်ပင်ရောက်သွားသည်။

ထို့ကြောင့် စိတ်ပြေလက်ပျောက်
Facebook ကိုဖွင့်လိုက်မိ၏။

Newsfeed ကို တစ်ချက်ပွတ်လိုက်သည့်အခါ
ပထမဆုံးတွေ့လိုက်ရသည်က
ရှန်ခွန်းနောင်တင်ထားသော post ဖြစ်သည်။

ရှန်ခွန်းနောင် ၊ စိုင်းအံ့သျှိုင်းယံ နှင့်တကွ
ရှန်ခွန်းနောင်၏ မိခင် ၊ စိုင်းအံ့သျှိုင်းယံ ၏
ဖခင်နဲ့အတူ အင်းလေးဖောင်တော်ဦးဘုရားတွင်
ရိုက်ထားသည့် မိသားစု
လေးယောက်ပုံလေးဖြစ်သည်။

ရှမ်းဝတ်စုံလေးဝတ်ထားပြီး မျက်မှန်အောက်က
မျက်လုံးဝိုင်းလေးတွေမှိတ်ကျနေသည်အထိ
ပျော်ရွှင်စွာရယ်နေသည့် ရှန်ခွန်းနောင်ရယ်၊
ထိုသို့ ကလေးတစ်ယောက်လို
ပျော်ရွှင်နေသော ရှန်ခွန်းနောင်ကို
အကုန်လုံးက ပြုံးကြည့်နေသည့်
ထိုဓာတ်ပုံလေးက ချစ်စဖွယ်။

RO ( ရို ) (Completed)Where stories live. Discover now