အပိုင်း(၃၆)

96.8K 6.5K 812
                                    

"မင်းကို အများကြီးမသောက်နဲ့လို့မောင်
ပြောတာကို ဘာလို့နားမထောင်တာလဲ။
တစ်ခါမှလည်းသောက်ဖူးသေးတာမဟုတ်ဘဲနဲ့
ကိုယ့်အခြေအနေကိုယ် မင်းမတွေးတတ်ဘူးလား"

"မင်းငါ့ကို ဆူနေမယ်ဆို ပြန်တော့..သွား"

လွှမ်းသုတ စိတ်မကြည်စွာ ပြောလိုက်မိသည်။

Group Chat မှာ စကားစပ်၍ပြောမိကြပြီးနန်းရတီ ၊ ထက်နှင်းဝေတို့ကလည်း Club သွားဖူးချင်သည်ဆိုတာနဲ့ ဝေမှူးပိုင်ရဲ့ club ကို သူတို့သွားခဲ့ကြခြင်းဖြစ်သည်။

Alcohol ကို မထိတွေ့ဖူးသေးသည့် အူရိုင်းပေမဲ့
ဆရာကြီးလုပ်ကာ နှစ်ပင်လိမ် ၊
သုံးပင်လိမ်တွေသောက်ခဲ့မိပြီးနောက်
အိမ်ရောက်ပါမှ ဆက်တိုက် အန်နေရသည့်အပြင်
ဗိုက်တွေပါ အောင့်လာသည်အထိ နေရထိုင်ရတာ
ဆိုးဆိုးရွားရွားဖြစ်လာတော့တာ ဖြစ်၏။

ည ၁၂ ကျော်နေပြီဖြစ်တာကြောင့်
မေမေတို့ဖေဖေတို့ လည်းအိပ်နေပြီဖြစ်ကာ
ဆေးလည်း အသင့်မရှိတာကြောင့် ဝေမှူးပိုင်ကိုပဲ
လွှမ်းသုတ ဖုန်းဆက်လိုက်ရသည့်နောက်
ဝေမှူးပိုင်က ချက်ချင်းလာပို့ပေးခြင်းဖြစ်သည်။

"အခုညဒီဆေးကိုသောက်ထား၊ မောင့်ကို မနက်ကျ
မင်းနိုးတာနဲ့ ဖုန်းဆက်။ စွပ်ပြုတ်လာပို့ပေးမယ်။
ကျန်တာလျှောက်မစားထားနဲ့..ကြားလား.."

"...."

"မောင်ပြောနေတာ ပြန်ဖြေ"

"အင်း..လို့..."

"မောင့်အနားလာပါဦး.."

သူ့ရဲ့Yamaha ဆိုင်ကယ်ကြီးကို မှီ၍ ရပ်နေသော
ဝေမှူးပိုင်က လွှမ်းသုတရဲ့ ခါးကို ဆွဲဖက်လိုက်ကာ
သူ့အနားသို့ဆွဲခေါ်၍ ခန္ဓာကိုယ်နှစ်ခုကို
နီးကပ်စေလိုက်သည်။

လမ်းမီးတိုင်၏ ဝါကျင့်ကျင့်အလင်းရောင်တွင်
မြင်နေရသောဝေမှူးပိုင်၏ မျက်ဝန်းမှအကြည့်တွေသည် ညို့ငင်နိုင်စွမ်းအပြည့်ပါဝင်၏။

ခါတိုင်းတွေ့နေကျလိုမျိုး..
Undercut ညှပ်ထားသည့် ဆံပင်တွေကို ဂျယ်လ်နဲ့
ပုံသွင်းထားခြင်းမရှိဘဲ Nike တံဆိပ် ဦးထုပ်
အနက်ကိုသာခပ်ငိုက်ငိုက်ဆောင်းထားသည်
ကလည်းကြည့်၍ကောင်းလှသည်။

RO ( ရို ) (Completed)Where stories live. Discover now