အပိုင်း(၁၈)

99K 6.8K 744
                                    

ဒီနေ့မှာတော့ မနက်ကတည်းက
မိုးတွေအုံ့နေခဲ့သည်။

ဒီလိုနေ့မှာ အိမ်မှာ ကွေးနေဖို့က
အကောင်းဆုံးဆိုပေမဲ့
ကျောင်းဖွင့်ရက်ဖြစ်နေသည့်
အလျောက်..သူတို့ ကျောင်းကို
လာခဲ့ရခြင်းဖြစ်သည်။

နေ့လယ်စာစားပြီး အခန်းထဲဝင်ထိုင်ပြီးသည့်
အချိန်သည်စာသင်ချိန်စရန် ၁၀ မိနစ်ခန့်
လိုသေးသည်။

Notification သံတိတ်ဆိတ်နေသည့် ဖုန်းကို
ရှန်ခွန်းနောင် ဖွင့်ကြည့်မိပြန်သည်။

ကိုကိုက လွန်ခဲ့သည့် ၅ မိနစ်လောက်ကမှline out
သွားခြင်းဖြစ်သည်။
သို့သော် မနေ့ညကတည်းကနေ အခုထိ
သူ့ကို ထပ်ဆက်သွယ်ခြင်းမရှိပေ။

ရှန်ခွန်းနောင် ကိုကို့ wall ထဲကို
ဝင်ကြည့်လိုက်မိသည်။
ကိုကို့ acc လေးသည် ရှန်ခွန်းနောင်တို့
စတွဲတဲ့ရက်က ဖြုတ်ထားခဲ့တဲ့ single status
လေးမရှိတော့ရုံသာဖြစ်ပြီး ၊
သူ့အတွက် ရည်ရွယ်ပြီး တင်ထားသည့် post ၊ Myday ဘာဆို ဘာမှ မရှိခဲ့ဖူးပေ။

ရှန်ခွန်းနောင်ရဲ့ acc ထဲ ဝင်ကြည့်လျှင်သာ
ကိုကို့အတွက် ဆိုပြီး မသိမသာ
ရည်ရွယ်ထားသည့်Post လေးတွေ
တင်ထားခဲ့တာ ဖြစ်သည်။

ကျောင်းမှာလည်း.. တစ်ခါတလေမှသာ
ကန်တင်းအတူထိုင်ဖြစ်တာ၊
ဟိုးအရင်ကတည်းက
ထိုင်နေကျ ကုက္ကိုပင်အောက်မှာသာ
တွေ့ဖြစ်တာလောက်ကလွဲလို့
အားလုံး အရင်ကအတိုင်းကပင်..။
ရှန်ခွန်းနောင်ရဲ့ သူငယ်ချင်းတွေကသာ ကိုကိုနဲ့
အနည်းငယ် ခင်မင်လာတဲ့အထိ ဖြစ်နေပေမဲ့
ကိုကိုက သူ့သူငယ်ချင်းတွေနဲ့တော့
မိတ်ဆက်ပေးခြင်းမျိုး မရှိပေ။

ပွင့်ပွင့်လင်းလင်းပြောရရင်
သူတို့နှစ်ယောက်တွဲတာကို အကုန်လုံးကို
လိုက်အသိပေးနေစေချင်တာမျိုး မဟုတ်ပေမဲ့
ကိုကို့ရဲ့ အရင်းနှီးဆုံး
သူငယ်ချင်းတွေကို ပြောပြတဲ့အထိတော့
ရှန်ခွန်းနောင် လိုချင်ပါသည်။

အရင်က မတွေးခဲ့မိပေမဲ့ အခုတော့
ရှန်ခွန်းနောင် အတွေးများလာမိသည်..။

ကိုကိုက သူ့ကို.. အလေးထားစရာမလိုသည့်
လူတစ်ယောက်လို ဆက်ဆံနေသလိုပဲ..။

RO ( ရို ) (Completed)Where stories live. Discover now