အပိုင်း(၃၉)

115K 6.2K 740
                                    

သံသရာကိုယုံတယ်။
ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့နိယာမကိုတော့
ဆန့်ကျင်ချင်တယ်။
သေတပန်သက်တဆုံးလက်တွဲမယ်။
မောင့်အရိုးပြာမြေကျတဲ့အထိ
မင်းကိုပဲ အနားမှာခေါ်ထားချင်တယ်။

(ဝေမှူးပိုင်)

ငါ့ဘဝရဲ့အချစ်စာမျက်နှာကို
စလှန်လိုက်တဲ့အချိန် မပျက်ပြယ်နိုင်တဲ့
မင်နဲ့ရေးထားတဲ့အမှာစာလေးတစ်ခုရှိတယ်..။

ငါတို့အတူစရှိခဲ့တဲ့
တစ်ခုသော မနက်ခင်းမှာမင်းပြောခဲ့တယ်..။

'ငါ့ဆီမှာပဲ မင်းတစ်သက်လုံးနေရမယ်"တဲ့။

နှစ်တွေကြာလာတဲ့အခါ ငါတို့ဘေးကလူတွေ၊
ငါတို့ဖြတ်သန်းနေရတဲ့နေ့ရက်တွေဟာ
ပြောင်းလဲလာတယ်..။

ဒါပေမဲ့ ငါ့ကိုကြည့်တဲ့
မင်းမျက်ဝန်းတွေထဲမှာ အချစ်ကို တွေ့နေရတုန်းပဲ။

ဘယ်အချိန်ထိ မင်းနဲ့အတူနေမှာလဲတဲ့ ။
မင်းနဲ့ငါရဲ့ ချစ်သူသက်တမ်း သုံးနှစ်ပြည့် ၊
နှစ်ယောက်လုံး ရီဝေဝေမူးနေတဲ့အချိန်တုန်းက
မင်းမေးခဲ့တယ်..။

'မင်းဆွဲထားတဲ့ငါ့လက်ကလေး မြဲနေတဲ့အထိ
မင်းအနားမှာနေမယ်..။
မင်းစိတ်နဲ့စီးဆင်းတဲ့ အသက်သွေးကြောတွေ
ပြတ်ထွက်မသွားခင်အချိန်ထိ မင်းကိုချစ်မယ်..'

(လွှမ်းသုတ)



______________________________


"မောင်ရောက်နေပြီ"

"အိမ်ထဲမဝင်ခဲ့တော့ဘူးလား။မေမေက နေ့လယ်စာ
တစ်ခါတည်းစားသွားပါလားတဲ့.."

"ရှန်ခွန်းနောင်တို့ စောင့်နေပြီ။
မင်းက ဖုန်းမကိုင်လို့တဲ့
မောင့်ဆီဖုန်းဆက်လာတယ်"

"ဟုတ်လား ။ဖုန်းကအပေါ်ကအိတ်ထဲမှာ
ကျန်ခဲ့တာ ။ခဏနော် ငါထွက်လာပြီ"

ဖုန်းပြောပြီးတာနဲ့ ကားထဲမှာဖွင့်ထားသည့်
သီချင်းကို အနည်းငယ်ပြန်ကျယ်လိုက်သည်။

The Weeknd ၏ Die for you
သီချင်းက ကားထဲတွင်ပျံ့လွင့်လာ၏။

Chorus ပိုဒ်ဆုံးခါနီးမှာပင် ခြံတံခါးကို ဖွင့်၍
ထွက်လာသည့် လွှမ်းသုတကိုတွေ့လိုက်ရသည်။

RO ( ရို ) (Completed)Where stories live. Discover now