အပိုင်း(၃၃)

100K 6.6K 670
                                    

" ဆံပင်ညှပ်မလို့ လိုက်ပို့ပေး.."

နေ့လယ် ၃ နာရီကတည်းက 'ညနေစာ
စောစောစားနော်' လို့ message ပို့ပြီး
အခု ည ၈ နာရီ ထိ ပစ်ထားသည့်
ဝေမှူးပိုင်ကို လွှမ်းသုတကပဲ
ဖုန်းစဆက်ကာ ပြောလိုက်မိသည်။

" အခုလား.."

"အင်း"

" မနက်ဖြန်မှ သွားပါလား ..။
မောင်အခုမအားလို့.."

လွှမ်းသုတ မျက်မှောင်ကျုံ့ လိုက်မိသည်။

" ဘာလုပ်နေလို့လဲ"

"ဖေဖေ့အလုပ်ကိစ္စလိုက်လုပ်ပေးနေရတယ်.."

"ဒီအချိန်ကြီးကိုလား.."

"အင်း ဟုတ်တယ်"

"ပြီးတာပဲ"

လွှမ်းသုတ ခပ်ပြတ်ပြတ်ပြောကာ
ဖုန်းချလိုက်မိသည်။

အချိန်အတန်ကြာအထိ စောင့်နေမိပေမဲ့ ..
ဝေမှူးပိုင်ဆီမှ အရင်တုန်းကလို
ဖုန်းထပ်မဝင်လာခဲ့..။

တကယ်ပြောင်းလဲနေပြီ။

March 27 မှာ တွဲခဲ့သည့် သူတို့ relationship ဟာ
2 လ ကြာသွားတဲ့နောက်..
တစ်ဖက်က မသိမသာ ပြောင်းလဲချင်နေပြီ။

အရင်တုန်းကလို မချစ်တော့သလို ခံစားနေရသလို
အရင်တုန်းကလောက်လည်း
ဂရုမစိုက်ခံရတော့ဘူး။

ခံပြင်းမိသည်။
တကယ်ဆို စသဘောကျခဲ့တာ 
သူပဲ မဟုတ်ဘူးလား။
ဘာလို့ သူ့ဘက်က အရင်စပြီးပြောင်းလဲ
ချင်နေရတာလဲ..။

လွှမ်းသုတ စိတ်ရှုပ်စွာဖြင့်
ကျစ်ခနဲ စုပ်တစ်ချက်သပ်လိုက်ပြီးမှ
စိတ်ပြေလက်ပျောက် ဂိမ်းဆော့ရန်
online ဖြစ်နေသည့် မင်းသော်ထင်ကို
သွားပြောလိုက်သည်။

သူမကြိုက်ဘူးလို့ ပြောထားပေမဲ့ ဘာလို့
အဲ့ဒီစကားကို လိုက်နာနေရမှာလဲ။
သူတောင် ဂရုမစိုက်ဘဲ ပစ်ထားသေးတာ..။

'ဂိမ်းဆော့မလား'

'Club ရောက်နေတယ် ဟဲဟဲ'

မင်းသော်ထင်က ချက်ချင်းပြန်ပို့လာသည်။

' သာယာပါတယ်'

' မင်းရဲ့လူကိုတောင် တွေ့သေးတယ်'

ဒီတစ်ခါတော့ လွှမ်းသုတ မျက်ခုံးတွေကို
သိသိသာသာတွန့်ချိုးလိုက်မိသည်။
မင်းသော်ထင်က သူ့ရှေ့မှာ ဝေမှူးပိုင်က လွှမ်းသုတကို နမ်းပစ်လိုက်ကတည်းက နှစ်ယောက်တွဲနေမှန်း
သိခဲ့တာ။ လူမှားစရာအကြောင်းလုံးဝမရှိ။

RO ( ရို ) (Completed)Where stories live. Discover now