Love Sequel 1 (Hmue + Hlwan) WARNING 🔞

105K 5.6K 825
                                    

ဒီနေ့က သူတို့နှစ်ယောက်အတူနေမည့် ကွန်ဒိုသို့
ပထမဆုံးပြောင်းလာသည့်နေ့ဖြစ်သည်။
ပထမဆုံးပြောင်းလာသည့်နေ့ဆိုပေမဲ့
လူတွေကသာအခုမှ ပြောင်းလာတာဖြစ်ပြီး
ပရိဘောဂမှလွဲ၍ လိုအပ်သည့်
ပစ္စည်းတချိူ့ကိုတော့ service နဲ့ လွန်ခဲ့သည့်
တစ်ပတ်ကတည်းက ရွှေ့ပြောင်းပြီးပြီဖြစ်၏။

ပရိဘောဂတွေနဲ့ အိမ်အသုံးအဆောင်
ပစ္စည်းတွေကတော့ ကွန်ဒိုတွင်တစ်ခါတည်း
ပါပြီးသားဖြစ်၍ မလိုပေ။

နေ့စဉ်အိမ်သန့်ရှင်းရေးနဲ့ စားဖို့သောက်ဖို့
ကိစ္စကိုတော့ လွှမ်းသုတ၏
အမေ ခေါ်ပေးထားသည့် အိမ်အကူအဒေါ်ကြီးက
မနက်လာ၊ နေ့လယ်ပြန်ပြီး
ပြုလုပ်ပေးမည်ဖြစ်သည်။

~~

ဒီနေ့တော့ ကွန်ဒိုသို့စစပြောင်းလာသည့်နေ့ဖြစ်၍
အိမ်အကူအဒေါ်ကြီးကိုလည်း မခေါ်လိုက်ဘဲ
အိမ်ကိုအနည်းငယ်သန့်ရှင်းဖို့နဲ့
တစ်ကိုယ်ရေတကာရပစ္စည်းတွေကို
အဆင်ပြေအောင် နေရာပြန်ချသည့်အလုပ်တွေကို
တော့ကိုယ်တိုင်ပဲ လုပ်လိုက်ကြသည်။

လွှမ်းသုတ ကျောင်းဆင်းသည့် ညနေ ၆ နာရီ
အချိန်ကတည်းက ဒီကွန်ဒိုသို့ လာခဲ့ပြီး
အိမ်အလုပ်တွေကို လုပ်ပြီး၊ နှစ်ယောက်လုံး
ကိုယ်လက်သန့်စင်ရေချိုးပြီးသည့်အချိန်
ရောက်သည့်အခါတွင်တော့
ည ၁၁ နာရီကျော်ခန့်ရှိပေပြီ။

"မှူး ငါဗိုက်ဆာတယ်"

ရေချိုးခန်းထဲမှ ထွက်ထွက်လာချင်း လွှမ်းသုတ
ပြောလိုက်ပေမဲ့ ဝေမှူးပိုင်က
လက်တစ်ချက်ကာပြကာ ဖုန်းပြောနေသည်ကို
ဆက်ပြောနေသည်ကြောင့် လွှမ်းသုတ မကျေမနပ်
ဖြစ်သွားမိသည်။

"ရတယ် ။ အဲ့ဒီ shop ကို ဖြုတ်ပစ်လိုက် ကိုငြိမ်း
ကျွန်တော်တို့ downtown area မှာ
ပြန်ဖွင့်လို့ရတယ်"

ကိုငြိမ်း ..။
လွှမ်းသုတ အာရုံတွင် အမှတ်မထင်မှတ်
ထားမိသည့်ထိုနာမည်သည် ဝေမှူးပိုင်အဖေ၏
Secretary နာမည်ဖြစ်သည်။ အခုတော့ ဦးလေးက
တစ်ခုတည်းသော ဟိုတယ်
လုပ်ငန်းမှလွဲ၍ လုပ်ငန်းတော်တော်များများကို ဝေမှူးပိုင်ကို လွှဲပေးထားပြီးပြီဖြစ်တာကြောင့်
ထို secretary ကပါ ဝေမှူးပိုင်နဲ့အတူ
ဆက်ပြီးအလုပ်လုပ်နေသည်ဖြစ်မည်။

RO ( ရို ) (Completed)Where stories live. Discover now