Love Sequel 6 (SASY + SKN)

79.4K 4.1K 189
                                    


"ကိုကို့!"

Gaming chair တွင် ထိုင်လျက် screen ကိုသာ
အပြည့်အဝ အာရုံစိုက်ထားသည့် ကိုကို့ကို
ခုတင်ပေါ်မှ ခြေလေးနှစ်ချောင်းဆင်းထိုင်နေသည့်
ရှန်ခွန်းနောင်က ဆောင့်ဆောင့်အောင့်အောင့်လေး
ခေါ်လိုက်မိသည်။

ဒီနေ့ အတွက် appointment တွေရော
Meeting ပါတက်စရာမရှိဟု ကိုကိုက
ပြောတာကြောင့် ကိုကို့ကို  Hotel Paradise
သို့မသွားခိုင်းသည့်အပြင် သူပါမသွားတော့ဘဲ
ကိုကို့နားမှာ ကြောင်လေးလို ကပ်ချွဲဖို့ စိတ်ကူးပေမဲ့
ထိုစိတ်ကူးလေးတွေဟာ နေ့လယ်စာစားပြီးကတည်းကနေ ယခု ညနေ ၃ နာရီရောက်သည်အထိ
Gaming Chair မှ မထသော ကိုကို့ကြောင့်
ဆပ်ပြာပူဖောင်းလေးတွေသဖွယ်
ပျောက်ကွယ်ကုန်ရသည်။

သူ့ရဲ့ Ingame Friends တွေက အရမ်းခေါ်နေလို့ဆိုသည့် အကြောင်းပြချက်နဲ့ DOTA 2
ထိုင်ဆော့နေသည့် ကိုကိုက အခုတော့ အချိန်တွေကိုရော သူ့ကိုရော မေ့သွားပြီထင်ရသည်။

ပြီးတော့ မနေ့ညက ကတိပေးထားတဲ့
မိုင်းသောက်တံတားမှာ ညနေစာ
လိုက်ကျွေးမယ်ဆိုတဲ့ ကတိကိုရောပဲ !

ရှန်ခွန်းနောင် မျက်နှာလေးကို စူပုပ်၍
အိပ်ရာပေါ်တွင် ပက်လက်လန်ကာ
လှဲချပစ်လိုက်သည်။

ထို့နောက် ခြေထောက်ကို မွေ့ယာတွင်
ဆောင့်၍..

"ပျင်းတယ်... ပျင်းတယ်!!
အဲ့ကိုကို က ပစ်ထားတယ်!"

ကိုကို့ဆီမှ ရယ်သံတိုးတိုးကြားလိုက်ရသည်။
ရှန်ခွန်းနောင်က မလျှော့သော
ဇွဲနဲ့ ထပ်အော်လိုက်၏။

" ဦးစိုင်းအံ့သျှိူင်းယံ အကျင့်ပုပ်တယ်။
သူများကိုကျ တစ်ယောက်တည်း ကျီးထိုးထိုး
ကျားစားစား ပလစ်ထားပြီး သူတစ်ယောက်တည်း
Game ဆော့နေပါတယ်ဗျ !!"

"နေပါဦး ဘေဘီရယ် ။ ခဏလေးပဲ ။
ကိုယ် ဒီတစ်ပွဲပြီးရင် မင်းအနားမှာပဲနေမယ်"

"သူများ ပျင်းပါတယ်ဆို ကိုကိုကလည်း.....
အဲ့ဂိမ်းချည်းပဲ ဆော့နေတာပဲ... ဘာမှန်းလဲ
မသိဘူး.."

မျက်နှာလေးကိုရှုံ့မဲ့၍ ရှန်ခွန်းနောင်
ဆူအောင့်အောင့်လေး ပြောလိုက်သည်။

RO ( ရို ) (Completed)Where stories live. Discover now