အပိုင်း(၃၂)

106K 6.7K 520
                                    


"ဘယ်သူလဲ သား ။ မင်းသူငယ်ချင်းလား"

ဝေမှူးပိုင် ကားမောင်းထွက်လိုက်တာနဲ့
ဦးသန့်စင်မှူးကမေးလိုက်သည်။

ငယ်ငယ်ကတည်းက ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး
မနေတတ်တဲ့ သားက သူငယ်ချင်းထားဖို့ကို
လည်း စိတ်မဝင်စားတာကိုသူသိသည်လေ..။

"သူငယ်ချင်းမဟုတ်ပါဘူး။ ကျွန်တော့် ချစ်သူပါ"

သူ့ကို နောက်နေတာလားလို့
တွေးကာ သားရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်
လိုက်ပေမဲ့ ထိုသို့အရိပ်အယောင်မရှိ။

ဘေးလူတွေရဲ့အမြင်ကို
ဂရုမစိုက်သလို ခေါင်းမာပြီး
သူ့ဆန္ဒရှိရာသာလုပ်တတ်သည့်
အကျင့်ကလည်း သူ့အမေဆီက ပါလာသည့်ပုံ..။

" သား မင်းက မင်းအမေဆီက စိတ်ဓာတ်တွေကို တစ်ပုံစံတည်းတူအောင်
အမွေအဖြစ်ရထားတာပဲ"

"ဖေဖေ့ဆီက ရတာရှိပါတယ်"

"ဘာများလဲကွာ ။ ငါတော့ တစ်ခုမှကိုရှာမရဘူး"

"မျက်နှာလေ ။ အခု ကျွန်တော် ဘယ်လောက်
ကြည့်လို့ကောင်းလဲ ဖေဖေ
သိတယ်မဟုတ်လား"

မနောက်စဖူးစနောက်လာသည့် သားဖြစ်သူကြောင့်
ဦးသန့်စင်မှူး သဘောတကျရယ်လိုက်မိသည်။

အေးစက်တင်းမာတတ်သည့်သူ့သားက
နွေးထွေးလာခဲ့တာ၊
ပိုပြီးပျော်ရွှင်နေသည့်ပုံစံပေါက်နေခဲ့တာတွေရဲ့
အကြောင်းအရင်းကိုလည်း
ဦးသန့်စင်မှူး သဘောပေါက်
နားလည်လိုက်ရပါသည်။

သားဖြစ်သူရဲ့ ပြုံးရိပ်ထင်နေသည့်
မျက်နှာကို ဦးသန့်စင်မှူး ကျေနပ်စွာ ကြည့်ရင်း..

"အဲ့ဒီကောင်လေးကို မင်း ဘယ်လောက်ထိ
သဘောကျလဲ ငါ့သား"

အချိန်အနည်းငယ်မျှတိတ်ဆိတ်သွားသည်။
ဝေမှူးပိုင်က ထိုမေးခွန်း၏ အဖြေကို အလေးတနက်
စဉ်းစားနေလေသည်..။

ထို့နောက် မနိမ့်လွန်းမမြင့်လွန်းသည့် ..
လေသံဖြင့်..

"တစ်ခါတရံသူ့ကြောင့်ပဲ ကျွန်တော်
အသက်ရှင်နေရတယ်လို့ တွေးမိတဲ့အထိ ....."

"ဖေဖေက မင်းရဲ့
ရွေးချယ်မှုကို ကန့်ကွက်မယ်ဆိုရင်
မင်းဘာဆက်လုပ်မလဲ.."

RO ( ရို ) (Completed)Where stories live. Discover now