Sai Arnt Shine Yan

60K 3.6K 363
                                    

ဒါကို ဒီလိုမျိုးမရေးချင်ပေမဲ့ ရေးပေးသင့်တယ်
ထင်လို့ပါ ။ အထူးသဖြင့်
ကိုကို့ကို စိတ်မကောက်ကြစေချင်ဘူးလေ နော် ㅠㅠ

Sai Arnt Shine Yan က
ရှန်ခွန်းနောင်နဲ့ မတွေ့ခင်တုန်းက
အပျော်ဇယားတွေအများကြီးနဲ့လူပါ။ (Play boy)
Popular လည်းဖြစ်တယ် ၊
ရုပ်လည်းရှိတယ် အသိုင်းအဝိုင်းလည်း
ကျယ်တယ်ဆိုတော့ အီစီကလီတွေ၊
ဇယားတွေအများကြီးနဲ့လူပါ။
ဒါပေမဲ့ သူ့ဘေးကို ဘယ်သူ့ကိုမှ လူသိရှင်ကြား
မခေါ်ခဲ့သလို ဘယ်သူနဲ့မှလည်း
ဘဝအတွက်ဆိုပြီးရည်ရွယ်ပြီး မတွဲခဲ့ပါဘူး။

ခဏအတွက်မဟုတ်ပါဘူး။
သူဘယ်သူ့ကိုမှအတည်တကျလက်တွဲချင်တဲ့
စိတ်ကိုမရှိခဲ့တာပါ။
တစ်ခါထည့်ရေးဖူးပါတယ် ။ စိုင်းအံ့သျှိုင်းယံက
သူ့ဘဝကို ဘယ်သူနဲ့မှ ကုန်ဆုံးပစ်လိုက်ဖို့
မတွေးထားဘူးဆိုတာ။

မေချယ်ရီလင်းကလည်း ဒါကို မခံမရပ်နိုင်
ဖြစ်ခဲ့တာပါ။(But She's not a Villain.
ပြင်းထန်သွားတဲ့ခံစားချက်တွေကြောင့်
ခဏတာ ဆွဲထားမိမလို ဖြစ်သွားခဲ့တာကလွဲရင်
နှစ်ယောက်ကြားထဲမှာ ခလောက်ဆန်တာမျိုးလည်း
မလုပ်ခဲ့ပါဘူး။ ချစ်ခဲ့မိတာကလွဲရင် ဘာအပြစ်မှ
မလုပ်ခဲ့တာပါ။)

သူ့ကို ရင်းရင်းနှီးနှီးဆက်ဆံခဲ့တယ်။
မျှော်လင့်ချက်တွေပေးခဲ့တယ်။
ဒါပေမဲ့ စိုင်းအံ့သျှိုင်းယံကလုံးဝမတွဲခဲ့ပါဘူး။
(ဒါက အပြင်မှာတွေ့နေကျ တစ်ချို့သော crush
တွေရဲ့ပုံစံပေါ့နော်🥲)

အဲ့ဒီလိုလူက ရှန်ခွန်းနောင်နဲ့တွေ့တဲ့အခါမှ
ပြောင်းလဲလာခဲ့တာပါ။
အဓိကက ရှန်ခွန်းနောင်ရဲ့ အချစ်က
ပေါ့ပေါ့လေးမဟုတ်မှန်း သူနားလည်ခဲ့တာ။
ဒါကြောင့် သူ့နှလုံးသားကလည်း
ပြောင်းလဲလာခဲ့တာ။

သူကအေးစက်ပါတယ်။
အစကတည်းက မာနလည်းကြီးတယ်။
သူ့စိတ်ထဲမှာသူမှန်တယ်လို့တွေးထားရင်
မလျှော့ချငိတဲ့လူပါ။
မကောင်းတဲ့ဘက်က
ပွင့်ပွင့်လင်းလင်းပြောရရင် ဘေဘီက သူ့ကို
စချစ်ခဲ့ရတော့အထာလည်း ကိုင်ချင်သေးပါတယ်။
ဒါကြောင့် တွဲပြီးနောက်မှာ
သူ့ဘေဘီနဲ့ ပြဿနာတွေ တက်ခဲ့တာ။

RO ( ရို ) (Completed)Where stories live. Discover now