အပိုင်း(၂၀)

102K 6.7K 336
                                    

" ကိုကိုက ကျွန်တော့်ကို ချစ်လည်း
မချစ်ပါဘူးဗျာ"

နောက်၁ပတ်လောက်နေရင် ကျင်းပမည့်
ကျောင်းသင်္ကြန်အတွက်
model တစ်ယောက်နှင့် တွဲ၍
ကျောင်းတွင် စိုင်းအံ့သျှိုင်းယံ
ဓာတ်ပုံလာရိုက်ပေးရခြင်းဖြစ်သည်။

လာရသည့်ရက်က တနင်္ဂနွေဖြစ်တာကြောင့်
ကျောင်းပိတ်ပေမဲ့ ရှန်ခွန်းနောင်က
လိုက်ချင်သည်ဆိုတာကြောင့်
နှစ်ယောက်အတူလာခဲ့ကြသည်။

ထို model နဲ့ စိုင်းအံ့သျှိုင်းယံ
ကျောင်းထဲမှာဓာတ်ပုံရိုက်နေရသည့်
တလျှောက်လုံးငြိမ်နေသည့်
ရှန်ခွန်းနောင်က  ပြန်ရန် ကားပေါ်ကို
ရောက်သည့်အခါ မှ ထိုစကားကို
လေသံခပ်ဆတ်ဆတ်လေးဖြင့် မကျေမနပ်
ပြောလာခဲ့သည်။

စိုင်းအံ့သျှိုင်းယံ ပြုံးလျက်
ရှန်ခွန်းနောင် ကို
ငဲ့ကြည့်လိုက်မိ၏။

" ဘာလို့ကိုယ့်ကို
ရုတ်တရက်ကြီးရန်တွေ့နေရ
တာလဲ"

" မသိဘူးဗျာ.."

ပြောနေရင်းမှ မျက်နှာကို
တစ်ဖက်ကို လှည့်သွားသည်။

ရှန်ခွန်းနောင်ရဲ့
တွန့်ကုပ်ထားသည့်မျက်ခုံးလေးတွေနဲ့
ခပ်စူစူနှုတ်ခမ်းလေးတွေကိုကြည့်ပြီး
အသည်းယားမိစွာပင် သူ
ခပ်တိုးတိုးရယ်လိုက်မိ၏။

" ဘဲရုပ်ဆိုးလေး.."

ထိုအခါ ရှန်ခွန်းနောင်က
သူ့ဘက်ကို ခေါင်းလေး ဆတ်ခနဲ
လှည့်လာကာ..
အကြည့်စူးစူးလေးတွေနဲ့ကြည့်လာသည်။

" ဟို model အစ်မကြီးကျတော့ ချောတယ်လို့
ထင်တယ်မလား ကိုကိုက"

"ဟောဗျာ.."

" သဝန်တိုလိုက်တာ တကယ်ပဲ .."

ဒီစကားကိုတော့ ရှန်ခွန်းနောင်က ခပ်တိုးတိုးလေးသာပြောတာဖြစ်သည်။

ထို့နောက် သူ့ဘက်ကိုကြည့်နေသည့်အကြည့်တွေကို လွှဲသွားကာ အရှေ့တည့်တည့်ကို
ရှုတည်တည်လေးစိုက်ကြည့်နေသည်။

စိုင်းအံ့သျှိုင်းယံပြုံးလိုက်ပြီးမှ..ရှန်ခွန်းနောင်ရဲ့
လက်လေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်မိသည်။
သေးသွယ်ဖြူနုသည့် လက်ကလေးက
သူ့လက်ထဲမှာ အံဝင်ခွင်ကျပင်..။

RO ( ရို ) (Completed)Where stories live. Discover now