2.ရောင်းြပီး

811 69 0
                                    

သူမက မြေပြင်ပေါ်မှာရှိတဲ့ ဖုန်ချင်းရွှေ့ ကို ငုံ့ကြည့်ပြီး ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့် ဝေဒနာကို ခံစားနေရတာကိုကြည့်ရင်း ကျေနပ်မှုတစ်ခုနှင့် ပြည့်နေတယ်။ ဒါပေမယ့် သူမက အဲဒိနေရာမှာ ရပ်မနေပဲ ဆက်ပြီးပြောခဲ့တယ်- "နောင်လာမည့် အိပ်မက်ဆိုးများကို တားဆီးရန် မင်းကိုဒီနေရာမှာ သတ်ပစ်ပြီး မင်းခန္ဓာကိုယ်ရဲ့ ခြေရာလက်ရာအားလုံးကို လုံးလုံးလျားလျား ပယ်ဖျက်ပြစ်မှာဖြစ်တာကြောင့် ဘယ်သူမှ မင်းကို ရှာမတွေ့နိုင်တော့ဘူး။ ဒါပေမယ့် ဟားဟားဟား....."

သူမရဲ့ ရယ်မောသံကိုကြားလိုက်ရတော့ ဖုန်ချင်းရွှေ့သိသိသာသာ တုန်လှုပ်သွားပြီး နတ်ဆိုးရယ်သံက နောက်တစ်ကြိမ် ထပ်ထွက်လာသည်။

"မင်းရဲ့ ရုပ်ရည်ကို ဖျက်ဆီးပြီး မင်းခန္ဓာကိုယ်ပေါ်က နှင်းလိုဖြူဖြူဖွေးဖွေး အသားအရေကို မထိခိုက်စေဖို့ သူတို့ကို ဘာကြောင့် တောင်းဆိုခဲ့တာလဲ သိလား" သူမက ခေါင်းကိုအနည်းငယ်အနည်းငယ်ငုံ့ကာ ဖုန်ချင်းရွှေ့ရဲ့မျက်နှာကို ကြည့်ပြီး "အဲဒါက မင်းကို အယုတ်ညံ့ဆုံးနေရာ၊ ယောက်ျားတွေ အပျော်ရွင်ဆုံးနေရာတစ်ခုဆီ ငါရောင်းလိုက်မလို့ပဲ။ မင်းအရမ်းကြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရင်တောင် မင်းရဲ့နှင်းလိုစိုပြီးချောမွတ်တဲ့အသားရည်က သူတို့ကြားမှာ ရေပန်းစားနေသေးမယ်လို့ ငါယုံကြည်တယ်။ မင်းဘယ်လိုထင်လဲ?"

"မင်းငါ့ကိုဒီလိုကြည့်စရာမလိုဘူး။ မင်းရဲ့ လှပတဲ့ မျက်နှာက ပျက်ဆီးသွားပြီ။ မင်းဟာ နိုင်ငံတော် ကာကွယ်ရေး စံအိမ်ကြီးရဲ့ အကြီးဆုံး အလှမယ် ဖြစ်တယ်လို့ လူတွေကို ပြောရင်တောင် အဲဒီစကားကို ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး မင်းကို အရူးလို့ပဲ ခေါ်လိမ့်မယ်။ လွတ်မြောက်မလား? ဒုတိယတန်း သူရဲကောင်းတစ်ယောက်အနေနဲ့ မင်းရဲ့ စွမ်းအားက အဲဒီ့မှာ ဘာနဲ့မှ တိုင်းတာမှာ မဟုတ်ဘူး။" စကားပြောနေစဉ်မှာ သူမက ဖုန်ချင်းရွှေ့ပါးစပ်ထဲကို ဆေးပြားတစ်ပြားကို ထိုးထည့်လိုက်ပြီး ရယ်မောကာ ပြန်ထလိုက်တယ်။ "ခုနစ်ရက်။ မင်းရဲ့ဒုက္ခကနေ ခုနစ်ရက် ရှင်နိုင်ရင်တောင် ငါပေးလိုက်တဲ့ အဆိပ်က မင်းကို သတ်ပစ်လိမ့်မယ်။"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now