19. တန်ပြန် စွမ်းအားဖြင့် တိုက်ခိုက်ခြင်း

260 43 0
                                    


အခန်း 19- တန်ပြန် စွမ်းအားဖြင့် တိုက်ခိုက်ခြင်း

ထိုဓားဖြင့်ထိုးခြင်းသည် သူမရှောင်လွှဲရန် မဖြစ်နိုင်ပုံပေါ်သည်။ ဒါပေမယ့် မျှော်လင့်ချက်အားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သူမရဲ့ ရင်ဘတ်ထဲကို ဓားထိုးခါနီးအချိန်မှာ ခန္ဓာကိုယ်က လျှပ်တပြက် နောက်ပြန်လန်ကျသွားပြီး နောက်ပြန်လှန်လိုက်တဲ့ တွန်းအားကြောင့် သူမရဲ့ ခါးက ပြင်းပြင်းထန်ထန် လှည့်ထွက် သွားခဲ့တယ်။ ထိုဓားကို ရှောင်ရှားနိုင်ရုံသာမက သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော ဓားမြှောင်သည်လည်း လူလတ်ပိုင်းလူကြီးဆီသို့ မျက်စိအမြင်ကိုကွယ်ကာ အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်သွားလေသည်။

ဖုန်ကျွီ သူ့ရင်ဘက်ကိုဓားဖြင့်ထိုးခြင်းမှ ရှောင်ထွက်သွားသည်ကို သူတွေ့ရှိလိုက်သည့်အခိုက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်သွားပြီး လူသတ်အငွေ့အသက်များက သူ့မျက်လုံးများရှေ့တွင် နီးကပ်လာနေပြီဖြစ်သည်။ ထိုအခြေအနေတွင် သူ နောက်ထပ် တိုက်ခိုက်မှုကို မလုပ်ဆောင်နိုင်ဘဲ အရှိန်အဟုန်ဖြင့် ပြန်ဆုတ်သွားသော်လည်း နှေးကွေးလွန်းနေသေးသည်။

'ဇတ်!'

သူ နာကျင်စွာ ရင်တထိတ်ထိတ်ဖြင့် အေးစက်နေသော လေထုကို ဆွဲထုတ်ကာ သူ၏ ရက်စက်သော အကြည့်များက သူ့ရှေ့မှ သူတောင်းစားလေးကို အေးစက်စွာ စိုက်ကြည့်နေသည်။

သေလုမြောပါး ခက်ခက်ခဲခဲ ရှောင်တိမ်းရုန်းကန်ခဲ့ရပေမယ့် အရိုးအထိ ကိုင်ထားတဲ့ ဓားမြှောင်ကနေ သူ့လက်မောင်းကို နက်နဲစွာ ဒဏ်ရာတွေ ရခဲ့တယ်။ သွေးနီဥများ တဖျပ်ဖျပ်စီးထွက်ကာ သူ့လက်ထဲသို့ လျင်မြန်စွာ စီးကျလာသည်။ ဒဏ်ရာဒဏ်ချက်ကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားကာ သူ့လက်မောင်းကိုတစောင်းဆွဲထားလိုက်သည်။

"ဒုတိယဦးလေး!"

ကောင်မလေးက အော်ဟစ်ပြီး အမြန်ပြေးသွားသည် ။

"သူ့ကိုသတ်!" သက်လတ်ပိုင်းလူကြီး၏ အံကြိတ်ထားသော သွားများကြာမှအသံ ထွက်လာသည်။ အစောင့်တွေက ချက်ခြင်းတုံ့ပြန်ပေမယ့် လူငယ်လေးရဲ့ လက်ကိုမြှောက်ကာ တားလိုက်တယ်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now