10. ဆေးပင်များကို စုဆောင်းခြင်း

300 43 0
                                    

အခန်း 10- ဆေးပင်များကို စုဆောင်းခြင်း။

သူမလက်ထဲတွင် ကိုင်ထားသော အရွက်စုံမှ နောက်ဆုံးအရွက်များကို ကိုက်ကာ ပင်စည်များကို ဘေးသို့ လွှင့်ပစ်လိုက်သည်။ သစ်ပင်အရင်းရှိ ဘယ်ရီသီးပင်ကို တွေ့သောအခါ မြေမှုန့်များကြားမှ ဂရုတစိုက် တူးဖော်ရင်း အလုပ်အတွက် အာရုံစူးစိုက်ထားပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ အဖြူနဲ့အမည်းရောင်ရှိ အဆိပ်ပြင်းသော မြွေတစ်ကောင် သူမရှိတဲ့ မြက်ခင်းပြင်အတွင်း လာနေသည်ကို သတိမထားမိလိုက်ပေ။

မြွေက သူမအနီးသို့ ကပ်လာသည်နှင့်အမျှ ၎င်း၏ရှည်လျားသော ခန္ဓာကိုယ်မှ ခေါင်းကို ဆန့်ထုတ်ကာ သေးငယ်တဲ့လျှာကို ထုတ်ကာပြီး
တိုးညှင်းစွာ အော်ဟစ်နေသည်။ ထိုအချိန်ခဏမှာပဲ မြွေကဖုန်ဂျူရဲ့ ခြေသလုံးကို ကိုက်ခဲလိုက်တယ်။

ဖုန်ဂျူ ၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ ပြင်းထန်သော သတ်ဖြတ်ခြင်းအ ‌ေငွ့အသက်က သူမခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူမရဲ့မျက်လုံးများ ရုတ်တရက် အေးစက်သွားခဲ့သည်။ သူမလက်က မြွေရဲ့ဦးခေါင်းကို ဆုပ်ကိုင်ထားစဉ် လက်တစ်ဖက် ကို လျှပ်စီးလက်သွားသလို မြေွရဲ့အရေးကြီးဆုံးခုနစ်လက်မ နေရာကို လက်ချောင်းများက နက်ရှိုင်းစွာ ထိုးဖောက်လိုက်သည်။

"ဟစ်စ်!"
မြွေက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တွန့်လိမ်ကာ သေဆုံးသွားသည်။

"အိုး? ငွေလက်စွပ်မြွေလား?"
အရင်အခိုက်အတန့်လေးကနေ ချမ်းစိမ့်စိမ့်အေးစက်နေတဲ့ ရောင်ဝါက အခုခဏလေးမှာပဲ ထင်ယောင်ထင်မှားလို ခံစားရတယ်။ မြွေကိုကြည့်ရင်း ရယ်မောကာ ပျင်းရိငြီးငွေ့နေတဲ့ သူမရဲ့အသွင်အပြင်ကို ချက်ချင်းပြန်ပြောင်းသွားပြီး "ဝက်တစ်ကောင် ယုန်လေးတစ်‌ေကာင်တောင် မတွေ့ဘူး။ ငါ ဗိုက်ပြည့်အောင် မင်းကိုကင်ရ လိမ့်မယ်။" သို့သော် သူမ‌ ပြောချင်တာပြော ပြီးသွားသောအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးလဲ အေးခဲသွားသည်။

သူမ ပြဿနာကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်.... မီးမရှိပေ။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now