21.အမဲလိုက်ခြင်း အကျိုးအမြတ်

253 39 0
                                    

21.အမဲလိုက်ခြင်း အကျိုးအမြတ်

သူတောင်းစားလေး ၏မျက်လုံးထဲတွင် အေးစက်နေသော လူသတ်‌ေငွ့သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်...။

တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့နှလုံးတွေ တုန်လှုပ်သွားပြီး ခြေထောက်နှစ်ဖက်စလုံးမှာ ရှိတဲ့ခွန်အားတွေ ဆုံးရှုံးသွားခဲ့တယ်။ လူသတ်လိုစိတ်အပြည့်ရှိသော ထိုအကြည့်တို့ကို သူ့အကိုကြီးထံမှာပင် မမြင်ဖူးခဲ့ပေ။ သူမ ဤမျှထိတ်လန့်မှုမျိုး တစ်ခါမှ မကြုံဖူးပါ။

ဘယ်သူက ယုံမှာလဲ ? ဂုဏ်သိက္ခာရှိတဲ့ ဆရာကြီးတစ်ဦးက ဉာဏ်ပညာမဲ့ပြီး
ဝိဉာဏ် စွမ်းအားမပိုင်ဆိုင်တဲ့ ကလေးထံမှာ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးနေရတယ်
ဆိုတာကို‌ေပါ့။

ဒါပေမယ့် အဲဒါက တကယ်အမှန်ပဲ။
ဒီအချိန်မှာ သူ မပြေးရင် သူတို့ အသက်ရှင်မှာ မဟုတ်ဘူးဆိုတာ သူသေချာသိတယ်။

လူလတ်ပိုင်းအရွယ် အမျိုးသားက မိန်းကလေးငယ်အား အတင်းဆွဲခေါ်ကာ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဖုန်ကျွီ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
[သူမက သူ့အတွက် တိုက်ခိုက်ဖို့အဆင့်တူတဲ့သူမဟုတ်ဘူးလို့ ဆိုလိုနေတာလား ?
သူဘာလို့ထွက်ပြေးသွားတာလဲ?
အစောင့်တွေနဲ့ တိုက်ခိုက်ပြီးရင် သူနဲ့နောက်တစ်ပွဲတိုက်ရနိုင်တယ်လို့ သူထင်ထားခဲ့တာ‌ေလ။]

သူမ၏လက်ထဲမှ ဓားမြှောင်က နောက်ဆုံးလူရဲ့ လည်ချောင်းကို လှီးဖြတ်လိုက်ကာ ဓားကို ဆွဲထုတ်လိုက်သည်။ ဒဏ်ရာကနေ သွေးတွေထွက်ကျလာပြီး အဲဒီလူက မြေပြင်ပေါ်ကို လဲကျသွား‌ေတာ့တယ်။

မြေပြင်ပေါ်ရှိ အလောင်းဆယ်ခုကျော်ကို
ကြည့်လိုက်တော့ သူ့မျက်လုံးများက သနားတဲ့အရိပ်အယောင်နည်းနည်မျှ မရှိခဲ့ပေ။

သူမက "မင်းငါ့ကိုမစော်ကားနဲ့ ငါမင်းကိုမစော်ကားဘူး" ဟူသော စည်းကမ်းဖြင့်
အမြဲနေထိုင်ခဲ့သည်။ ထို့ကြောင့် သူမအသက်ကို သတ်ရန်ကြိုးစားနေသူများအတွက် အနည်းငယ်မျှ ကရုဏာထားမပြနိုင်ပေ။

သူမက လူငယ်လေး၏ ခါးမှ သိုလှာင်အိတ်ကို ယူခဲ့သော်လည်း ဖွင့်မရတော့ကြောင်း တွေ့ရှိခဲ့သည်။ ခဏလောက်စဉ်းစားကြည့်လိုက်တော့
ဒီလိုအရာမျိုးက မဖွင့်ခင် ဝိဉာဏ် စွမ်းအားတွေ ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်ဆိုတာကို သူမ သတိရသွားတယ်။ သူမမှာ ဘာစွမ်းအားတစ်ခုမှ မပိုင်ဆိုင်တဲ့အတွက် လုပ်နိုင်တော့မှာ မဟုတ်ဘူး။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now