60: သတ်ဖြတ်ခြင်းည

249 40 1
                                    


အခန်း 60: သတ်ဖြတ်ခြင်းည

ခဏတာ ထိတ်လန့်တုန်လှုပ်သွားရုံဖြင့် မှောင်ခိုဈေးမှ လူသတ်သမားလေးဦးသည်
၎င်းတို့၏ မျက်လုံးများတွင် မက်မောဖွယ်ရာ အကြည့်များကို ရုတ်တရက် ထုတ်ဖော်ပြသလိုက်သည်။

"သူမက တယောက်ထဲပဲ။ ပုံတူပန်းချီကားထဲကထက် သူမရဲ့ရုပ်ရည်က ပိုပြီးဆွဲဆောင်မှုရှိမယ်လို့ မထင်ထားခဲ့မိပါဘူး။"

"ဒါက အမှန်ပဲ။ သူ့ကို ဒီလို သတ်လိုက်တာက အလဟသ ဖြစ်သွားလိမ့်မယ်။ ငါတို့က ဘာလို့မလုပ်တာလဲ...."

သူတို့အထဲမှ အခြားတစ်ယောက်က မေးစေ့ကို ပွတ်သပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ရက်စက်သော မျက်လုံးများက သူ့ရှေ့ရှိ စွဲမက်ဖွယ် အနီရောင်ရုပ်သဏ္ဍာန်ကို လှည့်ပတ်ကြည့်နေသည်။

ပျော့ပျောင်းသော လရောင်အောက်တွင် ရပ်နေသည့် အနီ‌ေရာင်‌ေတာက်‌ေတာက်ကို တွေ့လိုက်ကြပြီး ကျန်လူနှစ်ယောက်၏ နှလုံးသားများသည် တပ်မက်စိတ်များဖြင့် ယားယံလာသော်လည်း သတိထားနေကြဆဲဖြစ်သည်။ အထူးသဖြင့် သူတို့၏ပစ်မှတ်သည် ထိတ်လန့်မှုအနည်းငယ်မျှ ပြသခြင်းမဟုတ်ကြောင်း ၎င်းတို့မြင်လိုက်ရသည်။ သို့သော် ကျက်သရေရှိသောလေနှင့်အတူ သူမ ထိုနေရာတွင်ရပ်နေသဖြင့် အလွန်ထူးဆန်းသည်ဟု သူတို့ထင်မြင်မိသည်။

မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမာရွတ်ရှိသည့် ကြေးစားလူသတ်သမားတစ်ဦးမှ သူ၏အပေါင်းအဖော်များကို အသံနက်ကြီးဖြင့် သတိပေးသည်"မိန်းကလေးက နည်းနည်းထူးဆန်းပုံရတယ် ငါတို့က သူ့ကို နှိမ့်ချလို့မရဘူး။ ပစ်မှတ်ကို သတ်ပြီး မစ်ရှင်ကို အမြန်ပြီးအောင် လုပ်ရင် ပိုကောင်းပါတယ်။"

"ဒါက ကလေးမလေးပဲလေ။ တတိယညီ မင်းက သူ့ကို အရမ်းအထင်ကြီးတာပဲ။" ကြေးစားအလုပ်သမားတစ်ဦးမှ ရှုတ်ချမှုအပြည့်ဖြင့် သူ့အသံကို ဂရုမစိုက်ပဲပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်။

အနီရောင်ဝတ်ထားတဲ့ သူမရဲ့အဝတ်အစားနဲ့ ဆံပင်တွေကို ကြည့်လိုက်တော့ သူမနောက်မှာ လွင့်ပျံနေတဲ့ပုံက အလွန်ကြည့်ကောင်းလှသည်။ သူက လှောင်ပြောင်ရယ်မောပြီး "ဒါက မိန်းကလေးတစ်ယောက်ပဲ‌လေ။ ငါတစ်ယောက်တည်း သူ့ကို ကိုင်တွယ်နိုင်မှာပါ"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now