4. အမှတ်တရများ ရောနှောခြင်း

498 66 0
                                    

အခန်း ၄- အမှတ်တရများ ရောနှောခြင်း။

"ခဏလေး မငိုနဲ့ ငါ့ကိုနင့်အကြောင်း အကုန်ပြောပြ!" သူမ မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ တိတ်တဆိတ်တွေးကာ ပြောသည်[သူမအတွက် စိတ်ထဲမှာ ဒီတစ်‌ေယာက်ရှိနေခြင်းနဲ့ သူ့ရှေ့က အခြေအနေနဲ့ ပတ်သက်ပြီး သံသယတွေကို ရှင်းပစ်ချင်တဲ့အချက်က သူမအတွက်မဟုတ်ရင် ဒီမှာထိုင်နေမယ့်အစား ဟိုးအရင်ကတည်းက ထွက်သွားလိမ့်မယ်။ အဆက်မပြတ် ငိုကြွေးနေသည့် အသံကို နားထောင်နေတယ်။
သူမခေါင်းထဲက အသံက ခဏရပ်သွားပြီး ငိုသံကနေ ရှိုက်သံတွေ လျော့ပါးသွားသည် ။ ထိုအချိန်တွင် သူမ၏အကျိုးစီးပွားကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်မယ်ဆိုတာသိရှိနားလည်နိုင်လောက်အောင် ထက်မြက်နေသောကြောင့် အသံသည် သူမ ဇာတ်လမ်းကို အသေးစိတ်ပြောပြခဲ့တယ်။ ထို့ကြောင့် သူမက "ငါသေသွားပြီ၊ ငါ့ခန္ဓာကိုယ်က မင်းပိုင်သွားပြီ။ ဖုန်ဂျူ၊ ငါ နှစ်ခုပဲ တောင်းဆိုမယ်။ ပထမဆုံးအနေနဲ့ စုယုရန်ကို သေခြင်းထက် ပိုဆိုးတဲ့ အသက်ရှင်ခြင်းကံကြမ္မာကို ခံစားစေချင်တယ်။ ဓားနှင့်ထိုးပြီးအလျင်အမြန်သတ်ခြင်းသည် ငါ့နှလုံးသားထဲကမုန်းတီးမှုကို သက်သာစေမှာမဟုတ်ဘူး။ သူမအသက်ရှင်နေမှ အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိမှသာ အမုန်းတရားတွေ ပြေပျောက်ပြီး ငါ့နှလုံးသားကို ငြိမ်းချမ်းစေမှာပါ!"

သူ့အသံမှာ အမုန်းတရားတွေ ရစ်ပတ်နေတယ်။ ထိုအချိန်မှာ သူမသည် သူ့ကိုယ်သူ ဘာတစ်ခုမှ ပြန်မရနိုင်တော့ကြောင်း သူမလက်ခံထားပြီးဖြစ်သဖြင့် သူမ‌ နေရာကိုလိုချင်တောင့်တခဲ့သော စုယုရန် ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အခြေအနေသို့ ရောက်သွားစေရန်နဲ့ သူမ၏ဘဝသည် အဆုံးမဲ့ဆင်းရဲဒုက္ခတွေ ပေးစေချင်တယ်။

ဖုန်ဂျူ ၏ မျက်ခုံးပင့်သွားသော်လည်း သူမ စကားမပြောဘူး။ သူမ ပါးစပ်စွန်းများ အနည်းငယ်သာ ကြွနေသော်လည်း ယင်းသည် ပြုံးခြင်း ဟုတ်မဟုတ် အတိအကျ မသိနိုင်ပေ။

ထိုအချိန်တွင် ဖုန်ဂျူ က သူမစိတ်ထဲမှာ ဘာတွေတွေးနေမှန်းမသိသလိုပဲ ဖုန်ချင်းရွှဲ့က "မင်းဘယ်ကလာလဲဆိုတာ ငါမသိဘူး၊ မင်းအရင်က ဘယ်လိုအနေအထားမျိုးရှိနေလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ အေးဆေးတည်ငြိမ်မှုကနေ မင်းကို ထူးကဲတဲ့သူတစ်ယောက်လို့ ငါယုံကြည်တယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ မင်းဟာ မင်းရဲ့ အထောက်အထားကို ခိုးယူပြီး ဒီလို ညစ်နွမ်းတဲ့ နေရာမှာ အသတ်ခံရတာ အဆုံးသတ်ဖို့ ငါလို မိုက်မဲနေမှာ မဟုတ်ဘူး။"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now