6. ပထမဆုံး တွေ့ဆုံမှု့

436 57 0
                                    


အခန်း 6: ပထမဆုံးတွေ့ဆုံမှု့

မထင်ရှားသော လမ်းထောင့်တွင် ပိန်ပိန်ပါးပါးလေးသည် ခေါင်းငုံ့လျက် ထိုင်နေသည်။ သူ၏အဝတ်အစားအတွင်းမှ ပန်းသီးတစ်လုံးကို ဆွဲထုတ်ကာ ပျင်းရိငြီးငွေ့စွာ ကိုက်လိုက်ပြီး လူစည်ကားသော လမ်းပေါ်တွင် လှည့်ပတ်နေသော ကင်းလှည့်အဖွဲ့များကို သူ၏ တစ်ခြမ်းမှိတ်ထားသည့် မျက်လုံးများြဖင့် ကြည့်နေသည်။

သူတောင်းစား၏ အဝတ်စုတ်၊ ဟောင်းနွမ်းစုတ်ပြတ်ပြီး ညစ်ပတ်သော မျက်နှာသည် ရွှံ့အညစ်အကြေးများဖြင့်ပင် ကောင်းစွာ လိမ်းကျံနေကာ သူ့ဆံပင်များကို အဝတ်စုတ်ဖြင့် ရစ်ပတ်ကာ အာဟာရချို့တဲ့ ပိန်လှီလှသည့် သူတောင်းစားငယ်လေးကို ကြည့်ရင်း၊ မြို့တော်ဝန်ကို အလွန်အမျက်ဒေါသ ထွက်စေခဲ့သော ပြည့်တန်ဆာခန်းမှ ရှာဖွေရန် အမိန့်ပေးခံထားရသူမှာ လမ်းထောင့်ရှိ သူတောင်းစားကလေး ဖြစ်မည်ကို မည်သူမျှ မှန်းဆနိုင်မည်မဟုတ်ပေ။

"ကံဆိုးလိုက်တာ! ငါ ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲ။ စိတ်ရှည်သည်းခံပြီး စောင့်ရရင်တောင် ငါ့ခန္ဓာကိုယ်ထဲက အဆိပ်တွေက ခွင့်မပြုဘူး!" ပန်းသီးထဲကို ကိုက်ရင်း ဖုန်ဂျူသက်ပြင်းချလိုက်ပါတယ်။ မနေ့ညက သတ်ခဲ့တဲ့ ယုတ်ညံ့ပြီး ရွံရှာဖွယ်ကောင်းတဲ့ လူဟာ မြို့တော်ဝန်ရဲ့ တစ်ဦးတည်းသောသားဖြစ်ကြောင်း သူမ သိခဲ့ရင် အနည်းဆုံးတော့ သူ့ကို အသက်ရှင်ခွင့်ပေးမှာ ဖြစ်ပြီး မြို့တော်ဝန်က တစ်မြို့လုံးကို ရှာဖွေဖို့အတွက် အစောင့်အားလုံးကို ချထားမှာ မဟုတ်ဘူး။

ဒါပေမယ့် အဲဒီ အနက်ရောင် ၀တ်စုံက ဘယ်သူလဲ။ လူသတ်သမားလား?

ထိုလူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားသည့် စွမ်းအင်ကို သတိရကာ သူမ အနည်းငယ် တုန်လှုပ်သွားသည်။ ပြန်လည်မွေးဖွားပြီးနောက် ရှေးမင်းဆက်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရမည်ဟု တွေးထင်ခဲ့သည်။ ဤနေရာမှလူများသည် မသေနိုင်သောပညာကို ကျင့်ကြံမွေးမြူသည်ဟု မည်သူထင်မည်နည်း။ မသေနိုင်သော ကျင့်ကြံခြင်းသည် စိတ်ကူးယဉ်နယ်ပယ်ထဲသို့ ဝင်ရောက်‌ေနသောအရာဖြစ်သည်။ သို့သော် သူမသည် နှစ်ဆယ်တစ်ရာစုမှ လူတစ်ဦးဖြစ်သည်။ ဤကဲ့သို့ နတ်ဆိုးကြီးတစ်ခုအဖြစ်ပင် ပြန်လည်မွေးဖွားလာခဲ့ရာ အခြားအရာအားလုံးသည် မထူးဆန်းတော့ဟု ထင်မြင်မိပြန်သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now