57: ဝိညာဉ်နန်းတော်

298 47 1
                                    


အခန်း 57: ဝိညာဉ်နန်းတော်

မုရုန်ရီရွှန်း နှင့် ဖုန်ချင်းရွှဲ့တို့သည် နှလုံးသားဖြင့် ချိတ်ဆက်ထားသူများဖြစ်ပြီး ဖုန်ကျွီ သည် သူစိမ်းတစ်ယောက်သာဖြစ်သည်....

သူလုပ်ချင်တဲ့အရာတွေကို သူ့ကိုယ်သူသာ အားကိုးတယ်။ ဒီလူဟာ ဖုန်ချင်းရွှဲ့ အလွန်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ပါစေ အခုချိန်ထိ သူ့ရှေ့မှာ အခြေအနေမှန်ကို သူ မပြောပြနိုင်သေးပါဘူး။

သူများဆီက အကူအညီတောင်းတာထက် ကိုယ့်ကိုယ်ကို အားကိုးတာက အမြဲတမ်း ပိုကောင်းပါတယ်။

မာရုန်ရီရွှန်း သည် လူနှစ်ယောက် ထွက်သွားသည်ကို မြင်လိုက်သဖြင့် စကားလံုးများ ဆုံးရှုံးသွားသည်။

[ညီမငယ်?]

[အဲဒီလူက သူ့ညီမလို့ ပြောခဲ့တာလား။ အဲဒါ
ချင်းရွှဲ့မဟုတ်ဘူးလား။]

သူ့နှလုံးသား ရုတ်တရက် အဆုံးမရှိ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ သူ ရုတ်တရက် စိတ်ပျက်သွားသော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းသာမိသည်။ ဒါတွေအားလုံးက သူ့စိတ်ကူးနဲ့အ ‌ေတွးတွေ မှားသွားတာလဲဖြစ်နိုင်တယ်...။

[နောက်ဆုံးတော့ သူ့သံသယတွေက စိတ်ကူးမယဉ်နိုင်လောက်အောင်ပါပဲ။ သူ့သံသယတွေသာ အမှန်ဆိုရင် လောလောဆယ် အိမ်ပြန်နေတဲ့ ချင်းရွှဲ့ဟာ အယောင်ဆောင်လို့ ဆိုလိုတာပဲ။ သူမသည် အစစ်အမှန်မဟုတ်ဟု သူ့စိတ်နှလုံးက သံသယရှိသော်ငြားလည်း သူ့အဖေနှင့် အဖိုးများပင် ယင်းကို အသိအမှတ်မပြုပါက မည်သို့ဖြစ်နိုင်မည်နည်း။]

[ဖြစ်နိုင်တာက သူအရမ်းတွေးခဲ့တာပဲဖြစ်မယ်။]

တစ်ဖက်တွင် ဂွမ်ရှီလင်းနဲ့ နှင့် ဖုန်ကျွီ တို့သည် ခြံဝင်းတစ်ခုပါသော အိမ်များစွာကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး နောက်ဆုံးတွင် ၎င်းတို့နှစ်သက်သည့် ငြိမ်သက်တိတ်ဆိတ်သော အိမ်တစ်လုံးကို တွေ့ရှိခဲ့သည်။ နေရာကမြို့နဲ့ ခပ်ဝေးဝေးအပြင်ဘက်မှာရှိပေမယ့် တိတ်ဆိတ်ငြိမ်သက်မှုက သူတို့ကို ဆွဲဆောင်ပြီး ပတ်ဝန်းကျင်က အတော်လေးကို သာယာတယ်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now