26. မင်းခေါင်းကိုပြင်းပြင်းထန်ထန် ရိုက်ခံခဲ့ရတာလား?

247 41 0
                                    


အခန်း 26- မင်းခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ခံခဲ့ရတာလား?

အရုဏ်ဦး၏ နေရောင်ခြည်က ကုန်းမြေအနှံ့ နူးညံ့နွေးထွေးစွာပတ်ဖြန်းချိန်မှာတော့
တစ်ညတာလုံး သတိလစ်နေသောလူက နိုးထလာသည်။

သို့သော် သူမျက်လုံးဖွင့်လိုက်သောအခါ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု သူ့မျက်လုံးကို ဆုံမိသွားသည်။

စုတ်စုတ်ပြတ်ပြတ် ၀တ်စားထားသော သူတောင်းစားကလေးသည် သူ့နံဘေးတွင် ကြာပန်းအနေအထားထိုင်‌ေနကာ သူ့ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အနံ့အသက်များဆိုးဝါး ပြင်းထန်နေသော်လည်း သွေးများ ခြေက်သွေ့နေကာ သူတောင်းစား‌ေလး၏ အသွင်အပြင်ကို မဆုံးဖြတ်နိုင်ပေ။ မျက်နှာက စိမ်းစိုနေတဲ့ အရိပ်လိုဆေးတချို့ လိမ်းထားသလိုပဲ။

သူတောင်းစားလေးက သူ့လက်ထဲမှာ ဓားမြှောင်တစ်ချောင်းကိုင်ထားပြီး ရှေ့ကို စိုက်ကြည့်နေတာ မြင်လိုက်ရတော့ အဲဒီလူက သူတောင်းစားငယ်လေးရဲ့ အကြည့်နောက်ကို လိုက်သွားပြီး သူမြင်လိုက်ရတာကြောင့် ထိတ်လန့်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။

သူတောင်းစားလေးရှေ့တွင် တောင့်တင်း
‌ေနသော ဝံပုလွေအလောင်း ၃ လောင်းအပြင် ၎င်းတို့နှင့် သုံးမီတာခန့်အကွာအဝေးတွင်သားရည်တမြှာမြှားနဲ့ ဝံပုလွေဖြူဆယ်ကောင်ခန့်သည် နောက်ခြေထောက်များပေါ်တွင် ထိုင်ကာ မျက်လုံးများက အငမ်းမရ စောင့်ကြည့်နေကြသည်။

ဖုန်ကျွီ သည် အဖြစ်အပျက်ကို တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသော ထိုလူ၏ မျက်လုံးများကို လှမ်းမြင်လိုက်ရာ သူမ၏ ခေါင်းကို အနည်းငယ်စောင်းကာ လှည့်ကြည့်လိုက်သည်။

"သတိထားပါ!"

ထိုလူက ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားကာ မျက်လုံးများ ပြူးကျယ်ကာ ဝံပုလွေဖြူသည် သူတောင်းစား‌ေလးဆီသို့ ခုန်ဆင်းလာသည်ကို မြင်လိုက်ရ၍ ထိတ်လန့်တကြားဖြင့် မတ်တတ်ထရန် ကြိုးစားသော်လည်း ထိုကြီးမားလှသော လှုပ်ရှားမှာမှာ သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကိုပြန်ပွင့်သွား‌ေစသည်။ မြေပြင်ပေါ်သို့ ပြန်လဲမကျသွားမီတွင် ညည်းညူရင်း သူ့ဒဏ်ရာမှ သွေးများ ထပ်မံထွက်ကျလာပြန်သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now