31.အနောက်ဘက်မှ၀င်လာသောရင်းနှီးတဲ့မျက်နှာ

225 37 0
                                    


အခန်း 31- အနောက်ဘက်မှဝင်လာသော ရင်းနှီးတဲ့မျက်နှာ။

ဖုန်ကျွီ၏စကားကိုကြားသောအခါ ဂွမ်ရှီလင်း တခဏမျှ ထိတ်လန့်သွားပြီး စကားအကြာကြီး မပြောနိုင်ဘဲ ဝမ်းနည်းပူဆွေးကာ တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ကာ လမ်းလျှောက်လာခဲ့သည်။

ဖုန်ကျွီ၏ ရည်ရွယ်ချက်မှာ တောထဲရှိ ဆေးရွက်များကို ခူးယူရန်ဖြစ်ပြီး သူတို့သွားရာလမ်းကြောင်းမှာ လေထန်သောကြောင့် သူတို့နှစ်ဦး မရပ်မနား လမ်းလျှောက်ခဲ့ကြပါသည်။ အထူးသဖြင့် ဝံပုလွေ‌ေတွကို လှည့်စားပြီးနောက် ပေါင်းပင်များနှင့် တောရိုင်းပင်များ ထူထပ်သော ဒေသများကို မကြာခဏ ဖြတ်သန်းသွားလာကြသည်။

လမ်းတစ်လျှောက်လုံး ခူးဆွတ်ပြီး အသုံးဝင်သော မှော်ဆေးပင်များကို အမြောက်အမြား စုဆောင်းနိုင်ခဲ့သော်လည်း ဤဒေသတွင် သူမတွေ့ရှိခဲ့သော ဆေးပင်များ၏ အဆင့်အတန်းကို အကဲဖြတ်ကြည့်ရာ ၎င်းတို့အားလုံးသည် သာမာန်မျိုးစိတ်ဖြစ်ပြီး မယုံနိုင်လောက်အောင် အဖိုးတန်သည့် ဆေးပင်များမပါ၀င်‌ေချ။ တကယ်တော့ ဒီနေရာလို အဆင့်ကိုးအဆင့်သာရှိတဲ့ နိုင်ငံငယ်လေးမှာ ဘာပဲဖြစ်ဖြစ် အရှားပါးဆုံးနဲ့ အဖိုးတန်ဆုံး ဆေးပင်တွေကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ထို့ကြောင့် သူတို့ ခရီးဆက်ကြပြီး တောင်ထိပ်တစ်ခု၏ ခြေရင်းသို့ ရောက်လာခဲ့သည်။

စူးရှသောမျက်လုံးများက တောင်ထွတ်အနီး လေထဲတွင် လှုပ်နေသော မှော်ဆေးပင်တစ်အုပ်ကို တွေ့လိုက်ရပြီး သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပလာကာ "ကျွန်တော်ဒီမှော်ဆေးပင်တွေကို သွားနှုတ်မယ် မင်းငါ့ကို စောင့်နေမှာမလား။" အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်မှာ အမာရွတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ မှော်ဆေးပင်တွေကို ရှာတွေ့ခဲ့ပြီး ဘယ်လိုမှ စိတ်မလှုပ်ရှားပဲမ‌ နေနိုင်ခဲ့ဘူး။

"ကလေးလေး... မင်းဒီကိုပြန်လာမှာလား"
ဂွမ်ရှီလင်းက သူမကို အနည်းငယ် စိတ်မသက်မသာဖြင့် မေးလိုက်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဖုန်ကျွီ သည် ဂွမ်ရှီလင်း ၏စကားကိုကြားတော့ အနည်းငယ်လန့်သွားပြီး ကင်ထားသောအသားများကို ဆွဲထုတ်ကာ သူ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now