84- စိတ်လှုပ်ရှား ရင်ခုန်သည်။

175 30 2
                                    


အခန်း 84- စိတ်လှုပ်ရှား ရင်ခုန်သည်။

"လင်းရွှမ်"

"သခင်မ"  လင်းရွှမ်က အနောက်ကနေ လျှောက်သွားတယ်။

" ပြန်သွားပါ၊ ဂွမ်မိသားစုရဲ့ သခင်ငယ် ရွေးချယ်ချိန်‌ေရာက်မှ ကျွန်တော်ပြန်လာမှာပါလို့ အစ်ကိုကိုပြောပါ။ အာရုံမပျံ့လွင့်စေဘဲ ကျင့်ကြံ ရေးကိုအာရုံစိုက်ပါလို့ တောင်းဆိုလိုက်တယ်လို့‌ေပြာ‌ေပး။  လင်းဟွာက သူ့နောက်မှာ ရှိနေမှာဖြစ်ပြီး အဲဒီအချိန်မှာ ငါတို့အားလုံး ဒီကို အတူတူလာလို့ရပြီ!"

“ဟုတ်ကဲ့။”

လင်းရွှမ် က အသိအမှတ်ပြုပေမယ့် သူ့ခြေထောက်တွေက မလှုပ်ဘူး။  "သခင်မလေး ငါပြန်သွားရင် မင်းဘေးမှာ မင်းကိုကာကွယ်ပေးမယ့်သူရှိမှာမဟုတ်ဘူး" လို့မမေးခင် ခဏတုံ့ဆိုင်းသွားခဲ့တယ်။

ထိုစကားကိုကြား‌ေတာ့ ဖုန်ကျီ ရယ်မောကာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တောပဲ လင်းရွှမ်ကို  မျက်ခုံးပင့် နောက်ပြောင်ကာ "မင်းရဲ့သခင်မကို ကာကွယ်ဖို့ တစ်စုံတစ်ယောက်လိုအပ်နေလား ငါ့အနားမှာ တစ်ယောက်‌ေလာက်ထားပေးရမယ့် အားနည်းသူအဖြစ် မင်းတကယ်ပဲ မြင်နေတာလား။"

သူမအဖြေကို စောင့်မနေပဲ ဖုန်ကျီက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး “သွား!   မင်းငါ့ကို စိတ်ပူနေစရာ မလိုဘူး။"

သူမဒီကိုရောက်ပြီးသုံးရက်အတွင်းမှာ သူမဟာ လေ့ကျင့်ဖို့ အာကာသလက်စွပ်ထဲကို ရောက်သွားခဲ့ပြီး သူမရဲ့ စွမ်းအားတွေ သိသိသာသာ တိုးတက်လာခဲ့တယ်။  ဒါပေမယ့် သူမဟာ သူ့ရဲ့ ကြီးထွားလာတဲ့ စွမ်းအားတွေကို လူတွေ မသိနိုင်အောင် ဖုံးကွယ်ထားခဲ့ပါတယ်။

နောက်ဆုံးတွင် သရဲဆရာ၀န် နှင့် ဆေးဝါးအရည်ထုတ်သူအဖြစ် သူမ၏ကျော်ကြားမှုသည် အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်နေပြီဖြစ်ပြီး လူများက သူမ၏ စွမ်းအားများ တစ်နေ့ထက်တစ်နေ့ တိုးများလာတာသိပါက ၎င်းသည် လူအများကို ခြိမ်းခြောက်မှုဖြစ်စေမည်မှာ သေချာပါသည်။  ထို့အပြင် သူမ ဝိဉာဏ်ကွင်း အတွင်းတွင် သူနှင့်အတူ ရှေးဟောင်း မြင့်မြတ်သော သားရဲတစ်ကောင်လည်း ရှိပြီး သူသည် နို့စို့အရွယ်တွင် ရှိနေသော်လည်း သူ့ကိုလည်း သတိမမူ‌ေစချင်ပေ။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now