25.ဝံပုလွေတစ်အုပ်နှင့် တစ်ယောက်ထဲ

252 39 0
                                    


အခန်း 25: ဝံပုလွေတစ်အုပ်နှင့် တစ်ယောက်ထဲ။

ဝံပုလွေတွေ ဒီကို မရောက်ခင် မြန်မြန် ထွတ်သွားချင်ပေမယ့် အဲဒီအချိန်မှာ ပေါင်းပင်တွေကြားကနေ စိမ်းညိုမှောင်နေတဲ့ မျက်လုံးတစ်စုံ ထွန်းလင်းတောက်ပလာပြီး များပြားလာတယ်...။

"ကြည့်ရတာ အရမ်းနောက်ကျသွားပုံပဲ။"

ဝိုင်းရံထားသော ဝံပုလွေများကို တစ်ချက်ကြည့်လိုက်သောအခါ သူမမျက်ခုံးများ တွန့်သွားကာ သူမနောက်မှာ သတိလစ်နေသော လူကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူ ဒုက္ခရှာရန် အရည်အချင်းရှိတယ်လို့ခံစားမိသည်။

ဝံပုလွေတစ်အုပ်ကို ရင်ဆိုင်ရင်း သူမတစ်ယောက်တည်းဖြစ်နေလျှင် ကောင်းမည်ဟု သူ့ကိုယ်သူ တွေးထားသော်လည်း သူမနောက်တွင် သတိလစ်နေသည့် လူတစ်ယောက်ကြောင့်အတော်လေး ဒုက္ခဖြစ်နိုင်သည်။

"အဝူး..!"

ရှည်လျားသော အူသံက အမိန့်ပေးသလိုမျိုး ထွက်ပေါ်လာသည်။

ချောင်းရေထဲမှထွက်လာစဥ် ထိုလူကို ကုန်း စောင်းတစ်ခုမှ ငေါက်ထွက်နေသော ကောက်ပင်များအောက်တွင် ထားခဲ့သည်။ ထိုအချိန်တွင် သူမ၏ အနောက်ဘက်၌ မတ်စောက်သော ကုန်းစောင်းသည် ပုံစံတစ်မျိုး ဖြစ်လာသည်။ သူ့နောက်ကျောကို အကာအကွယ်ပေးပြီး ဝံပုလွေတွေက သူမကို အနောက်ကနေ တိုက်ခိုက်လာမှာကို စိုးရိမ်နေစရာမလိုသလို သူ့နောက်ကွယ်က သတိလစ်နေတဲ့သူကို ဝံပုလွေတွေက ဆွဲထုတ်ခံရနိုင်တာကြောင့် သတိလစ်နေတဲ့သူကို သတိမမူမိမှာကိုလည်း စိုးရိမ်နေစရာ မလိုပါဘူး။

လူသတ်သမားရဲ့ ပြင်းပြသောစိတ်ဝိဉာဉ်နဲ့ ဓားမြှောင်ကို ဆွဲထုတ်လိုက်တယ်။သူမ
မလွတ်မြောက်နိုင်ရင် တိုက်ပွဲဝင်ဖို့ ရွေးချယ်သွားမှာပါ! ဝံပုလွေကဆယ်‌ေကာင်ကျော်တယ်။

သူမ၏ မျက်လုံးများ အေးစက်သွားကာ သိသိသာသာ တောက်ပလာသည်။သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဆန်းကြယ်သော စွမ်းအားများကို ဖြည်းညှင်းစွာ စုဆောင်းရင်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံပေါ်သည့် ဝံပုလွေ ၁၀ ကောင်‌ေကျာ်အား သူမ၏ မျက်လုံးများနှင့်စိုက်ကြည့်
‌ေနသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now