40.ဉပေါက်လာခြင်း

244 44 1
                                    

အခန်း ၄၀- ဥ‌ေပါက်လာခြင်း

ရေကန်ထဲမှရေရဲ့အအေးဓာတ်က ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာကြောင့် နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဖုန်ကျွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒါပေမယ့် ကနဦးနာကျင်ပြီးနောက်မှာတော့ နွေးထွေးတဲ့ စီးဆင်းမှုတစ်ခုဟာ သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို နူ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေကန်ထဲမှရေရဲ့အအေးဓာတ်က ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာကြောင့် နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဖုန်ကျွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒါပေမယ့် ကနဦးနာကျင်ပြီးနောက်မှာတော့ နွေးထွေးတဲ့ စီးဆင်းမှုတစ်ခုဟာ သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို နူးညံ့တဲ့ အထိအတွေ့နဲ့ ဖြတ်သန်းသွားသလို သက်သာစေတဲ့ ခံစားမှုတစ်ခု ထွက်ပေါ်လာတယ်။

[နွေးထွေးသောစီးဆင်းမှု?]

ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်နေသော ရေထဲတွင် သူမခန္ဓာကိုယ်ကို ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ရေမျက်နှာပြင်ပေါ်မှ မှိန်ဖျော့သော အငွေ့အသက်ကို တွေ့ရှိလိုက်သည်။

[လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမဟုတ်သော်လည်း သန့်စင်ပြီး သန့်ရှင်းပါးလွာသော ဝိညာဉ်စွမ်းအား။]

ဝိညာဉ်စွမ်းအားရောင်ဝါ၏ အရိပ်အယောင်မျှ ထွက်ပေါ်နေသော ရေကန်ကို ကြည့်ရင်း သူမ ယခင်က ကြုံတွေ့ခဲ့ဖူးသော ကြွက်များကို ပြန်စဉ်းစားမိသည်။
[သူတို့ကို ဒီရေကန်ထဲက စွမ်းအားတွေ အရမ်းကြီး သန်မာစေခဲ့တာလား။]

[သို့သော် ဤကဲ့သို့သော နေရာတွင် ဒီလိုသန့်စင်ပြီး ပါးလွှာသန့်ရှင်းသော ဝိညာဉ်စွမ်းအား ရောင်ဝါ အဘယ်ကြောင့် ရှိနေရသနည်း။

သူမ အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်း တွေးတောနေတုန်း ရေကန်ဘေးက အမြင့်မှာ တင်ထားသော ရွှေဥသည် ရုတ်တရက် အနည်းငယ် ရွေ့လျားသွားပြီး တိတ်တဆိတ် ရေကန်ဆီသို့ တရွေ့ရွေ့ ရွေ့လျားလာသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now