12. ဦးလေး၏ ပထမဆုံးအနမ်း

337 50 0
                                    

အခန်း 12: ဦးလေး၏ ပထမဆုံးအနမ်း

ဒီမြင်ကွင်းကို သူ့မျက်လုံး‌က မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်ပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ ထိုအကြောင်းကို လေးလေးနက်နက် တွေးတော‌ေန‌သည်။ နှလုံးခုန်သံတစ်ဝက်လောက်ကြာတော့ သူတောင်းစားကလေး နိုးထလာတဲ့ အရိပ်အယောင်ကို မတွေ့ရသေးခင်မှာ သူ့စွမ်းအားတွေကို ဆင့်ခေါ်ပြီး သစ်ပင်ပေါ်က ခုန်ချလိုက်တယ်။

"သေပြီလား?"

သူ့‌ေခြ‌ ထောက်ကိုကြွကာ မလှုပ်မယှက်ဖြစ်နေတဲ့ ကောင်လးကို အနည်းငယ်ဆွဲတင်လိုက်သည်။ ဘာတုံ့ပြန်မှုမှ မရှိတာကို တွေ့လိုက်ရတော့ ငုတ်တုတ်ထိုင်ချပြီး သူတောင်းစားလေး အသက်ရှုနေသေးလားဆိုတာ စစ်ဆေးကြည့်ချင်နေခဲ့တယ်။ သူ့ငံု့ကြည့်လိုက်တာနဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ ကောင်လေးက ရုတ်တရက် ထလာပြီး သူ့အပေါ်ကို ထိုးကျသွားမယ်ဆိုတာ ဘယ်သူသိမလဲ။ ကြိုတင်ပြင်ဆင်မှု မရှိသော အခြေအနေတွင် သူ လုံးဝ သတိမထားမိဘဲ မြေပြင်ပေါ်သို့ တွန်းချ ခံခဲ့ရသည်။

"ဦးလေး! ဟားဟား... ဟင်? !"

ဖုန်ဂျူ ရုတ်တရက် ရပ်လိုက်သောအခါ ပျော်ရွှင်စွာ ရယ်မောနေပြီး သူမ၏ မျက်နှာပေါ်က အမူအရာ အေးခဲသွားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဦးလေးကို ငုံ့ကြည့်ကာ ရင်ဘတ်ပေါ်တွင် ကပ်နေတဲ့ လက်ချောင်းများကို ကြည့်ရန် မျက်လုံးများ လှည့်ကြည့်လိုက်သည်။ သူမ တစ်ခုလုံး...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဖုန်ဂျူ ရုတ်တရက် ရပ်လိုက်သောအခါ ပျော်ရွှင်စွာ ရယ်မောနေပြီး သူမ၏ မျက်နှာပေါ်က အမူအရာ အေးခဲသွားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဦးလေးကို ငုံ့ကြည့်ကာ ရင်ဘတ်ပေါ်တွင် ကပ်နေတဲ့ လက်ချောင်းများကို ကြည့်ရန် မျက်လုံးများ လှည့်ကြည့်လိုက်သည်။ သူမ တစ်ခုလုံး အေးခဲနေပြီး ထိုအချိန်တွင် သူမ အံြသသွားသည်။

[ဘာလဲ...ဒါကဘာလဲ။ သူမအနိုင်ကျင့်ခံရတာလား???]

သူ့လက်အောက်တွင် နူးညံ့သောအသားစိုင်များကို ခံစားလိုက်ရခြင်းသည် လင်းမိုဟန်၏စိတ်ကို လုံးဝလွတ်သွားစေသည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ချောက်ချားကာ စကားထစ်ပြီး "မင်း... မင်းက မိန်းကလေးလား" လို့ ပြောလိုက်တယ်။ ပြီး​တော့ သူ​ပြော‌ေနတုန်းမှာပဲ လက်​ကို အမြန်​ပြန်​ရုတ်​လိုက်​တယ်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now