3. ငါက ဖုန်ဂျူ ပါ။

591 72 0
                                    


အခန်း 3: ငါက ဖုန်ဂျူ ပါ။

" ကောင်းကင်ဘုံက သနားပါစေ !" ထိုလူက ရင်ဘတ်မှ ထွက်ကျလာသော သွေး‌ေတွကို ကြည့်ပြီး ဒေါသထွက်ကာ ြကမ်းပြင်ပေါ်လဲနေတဲ့မိန်းကလေးရဲ့ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ကန်ကျောက်ကာ ကြိမ်းမောင်းပြီး "ထတော့! ငါနဲ့လာကစား‌မ ‌ေနနဲ့!" အော်သံကြားတော့ သူမက သူ့မအဝတ်အစားတွေကို ဆွဲကိုင်လိုက်ပြီး ထော့နဲ့ထော့နဲ့ ခန္ဓာကိုယ်ကို မြှောက်ပြီး ကုတင်ပေါ်ကို လှဲချလိုက်တယ်။

သူမရဲ့ ဦးခေါင်းနှင့် ဝမ်းဗိုက်အတွင်း နာကျင်ကိုက်ခဲမှုတို့‌ေြကာင့် သတိလစ်နေသူ၏ မျက်နှာအား မျက်မှောင်ကြုတ်ကာ ရှုံ့ချသွားစေသည်။ ရင်တွင်းမှာဆူညံစွာ ငိုကြွေးနေသော အသံတစ်ခုက သူမ၏ ခေါင်းကိုတဆတ်ဆတ် တုန်ခါစေပြီး သူမကို ပိုစိတ်ပျက်စေသည်။ "ပါးစပ်ပိတ်ထား!"

သူမ ကျယ်လောင်စွာ အော်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သူမ၏ မျက်ခွံက တွဲကျလာသည်။ သူမစိတ်ထဲမှာ ငိုရှိုက်နေဆဲ အသံတစ်သံက အမှန်တကယ်ပဲ၊ သူမရဲ့ မျက်လုံးတွေ ရှေ့မှာတော့ အတွင်းခံဘောင်းဘီကိုချွတ်ချထားပြီး သူမကို တပ်မက်စွာ စိုက်ကြည့်နေတဲ့ အောက်တန်းကျတဲ့ အကြည့်နဲ့ကြည့်နေတဲ့သူ ရှိနေတယ်။

သူမ၏အကြည့်များက အောက်တန်းကျ ရွံရှာဖွယ်ကောင်းသော ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကာ တရုတ်ခေတ်ဟောင်း အလှဆင်ထားသော အခန်းထဲတွင် ရှိနေကာ သူမ၏ပါးစပ်သည် ဖြောင့်ဖြောင့်တန်းတန်း ဖြစ်သွားသည်။

သူမရဲ့ စိတ်ထဲမှာတော့ ထိုငိုကြွေးသံက သူမအော်ပြီးနောက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး နောက်ဆုံးမှာတော့ ရပ်သွားပုံရသည်။

"ဒါဆို! အသေကစားခြင်းက အလုပ်မဖြစ်ဘူးဆိုတာ မင်းနောက်ဆုံးသဘောပေါက်သွားပြီလား။ ကောင်းအောင်လုပ်ပြီး မင်းရဲ့သခင်နဲ့ ဒီမှာကစားပါ။ မင်းနာခံဖို့ နည်းလမ်းများစွာကို ငါသိတယ်။" ထိုစကားကို ပြောပြီးသည်နှင့်ကုတင်ပေါ်ရှိ ဖုန်ရှင်းရွှဲ့ ဆီကိုခုန်ဆင်းကာ သားကောင်ကို ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အုပ်မိုးလိုက်သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now