30.နောက်ကျောကို ဓားနဲ့ထိုးတယ်

241 40 0
                                    


အခန်း 30- နောက်ကျောကို ဓားနဲ့ထိုးတယ်

ဖုန်ကျွီသူ့ရှေ့တွင် ရပ်နေသော အရပ်မြင့်မြင့် ယောက်ျားကို စိုက်ကြည့်နေရင်း အနည်းငယ် ထူးဆန်းသော အကြည့်‌ေကြာင့်ဖုန်ကျွီ လန့်သွားသည်။

သံမဏိနွား ဟု အမည်ပေးထားသည့် ထွားကျိုင်းသော အမျိုးသားသည် ထိုနေရာတွင် ရပ်နေသော ကောင်လေးကို ကြည့်ကာ ရင်ဘတ်အောင့်‌ေ လာက်‌ေအာင်တုန်တုန်ယင်ယင်ဖြင့် "ဟားဟားဟား! ကောင်းတယ် ကောင်းတယ် ဒီကလေးက တော်တော် သတ္တိရှိတယ်။ မင်းငါလို သံမဏိနွားကိုဒီလိုစိုက်ကြည့်ရဲတာ အံ့ြသစရာပဲ!"

သူကစကားပြောနေစဉ်တွင် ပျော်ရွှင်စွာ ဂွမ်ရှီလင်း ကို ပုခုံးပေါ်လက်တင်ကာ လက်ဖဝါးကို ထပ်ခါထပ်ခါကာ ပုတ်ခတ်လိုက်သည်။ အနောက်မှကြည့်နေသော ဖုန်ကျွီနှုတ်ခမ်းများ ပါးလွှာသောမျဉ်းကြောင်းအတိုင်း ဖြောင့်စင်းသွားသည်။

ပခုံးပေါ်မှ ပုတ်ခတ်မှုသည် ပေါ့ပါးခြင်းမရှိခဲ့ပါ။

"အွန်း!" ပခုံးပေါ် အကြိမ်အနည်းငယ် "အသာပုတ်" ပြီးသောအခါ ဝမ်းဗိုက်က ဒဏ်ရာကို ဆွဲငင်ကာ နာကျင်မှုကြောင့် မျက်နှာတွင် အေးစက်သော ချွေး‌ေစးများ ထွက်ကျလာသည်။

"မင်း သူ့ကို အရမ်းရိုက်တယ်! သူ့မှာ ဒဏ်ရာတွေ ရှိတယ်!" ဖုန်ကျွီ က ညည်းညူရင်း ရှေ့ကိုရောက်လာကာသူ့ဗိုက်ပေါ်မှာ ဆုပ်ကိုင်ထားတဲ့ ကောင်လေးရဲ့လက်ကို မြှောက်ဖယ်လိုက်သည် ။ မျှော်လင့်ထားသည့်အတိုင်း သူမ ဒဏ်ရာမှ သွေးများထွက်နေသည်ကို မြင်လိုက်ရသည်။

"အိုး....." ထွားကျိုင်းသော အမျိုးသားက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး အနည်းငယ် တောင်းပန်နေဟန်ရှိသည်။

"ကြည့်လိုက် ဝံပုလွေတွေ ဆုတ်သွားပြီ"
ဝံပုလွေတွေလှည့်ထွက်သွားသည်ကို မြင်သောအခါ တစ်စုံတစ်ယောက်သည် ရွှင်မြူးစွာ အော်လိုက်သည်။

အကြပ်အတည်းကို တိုက်စရာမလိုဘဲ ပြေလည်သွားခဲ့ပြီး လူအုပ်စုကြီးသည် ရွှင်မြူးစွာ ကြွေးကြော်ခဲ့သည်။

ဖုန်ကျွီနှင့် အရပ်ရှည်သောလူငယ်
အဖွဲ့ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသောအခါတွင် ဝံပုလွေများက တုံ့ဆိုင်းစွာ
ထွက်ခွာသွားကြောင်း တွေ့ရသည်။ နောက်ဆုံးတွင်သူတို့နှစ်ဦးသာရှိစဉ်ကပင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခဲ့ဘဲ နောက်ထပ်လူသုံးဆယ် သို့မဟုတ် လေးဆယ်တို့နှင့်အတူ ရှိနေတာတွေ့တော့ အခွင့်အရေးမရှိတာကို တွေးမိသဖြင့် ဝံပုလွေများသည် စွန့်လွှတ်ကာ ထွက်ခွာသွားခဲ့ကြသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now