80: ဖုန်အိမ်တော် ၏ ချင်းရွှဲ့

157 25 0
                                    


အခန်း 80: ဖုန်အိမ်တော် ၏ ချင်းရွှဲ့

ထိုစကားများကိုကြားသောအခါ ဂွမ်ရှီလင်းက ခေါင်းညိတ်လိုက်ပြီး "မှန်တယ်၊ မင်းက သူ့ကို တကယ်အနီးကပ် စောင့်ကြည့်ရမယ်။ အထူးသဖြင့် သန်မာတဲ့ အမျိုးသားတွေ အားလုံးအတွက်ပါ။ ရှောင်ကျီ အနားကို လာခွင့်မပြုပါနှင့်။"

တွေးလေလေ ပိုစိုးရိမ်လေလေဖြစ်သည်။
"မှန်တာပေါ့ ငါသူမနဲ့လိုက်ခဲ့သင့်တယ်" ဒါပေမယ့် သနားစရာကောင်းတာက ရှောင်ကျီက သူ့ကို ခွင့်မပြုတဲ့အပြင် ကျင့်ြကံဖို့ အိမ်မှာနေဖို့ လိုအပ်‌ေန‌ေသးတယ်။

လင်းရွှမ်သည် ဂွမ်ရှီလင်းမျက်နှာပေါ်က စိတ်ပူနေသောအမူအရာကိုမြင်ပြီး "ဆရာကြီး၊ စိတ်ပူစရာမလိုပါဘူး။ သခင်မကို သေချာစောင့်ကြည့်ပါ့မယ်။" ထိုစကားကိုပြောပြီးနောက် သူမ
လင်းဟွာဘက်သို့လှည့်ကာ ဖုန်ကျီ၏တံခါးအပြင်ဘက်တွင်ရပ်ကာ ဖုန်ကျီ ထွက်လာရန်စောင့်ဆိုင်းစဥ် စကားအနည်းငယ်ပြောခဲ့သည်။

သိပ်မကြာခင်မှာပဲ ဖုန်ကျီဟာ အနီရောင်ဝတ်စုံနဲ့ ထွက်လာပြီး လင်းရွှမ်နဲ့အတူ အပြင်ထွက်ခဲ့တယ်။ မြင်းလှည်းပေါ်တက်ကြပြီး ဖုန်ကျီက သူတို့ကို တံခါးဝမှာလိုက်ပို့တဲ့လူနှစ်ယောက်ကို "ငါတို့ထွက်သွားနေပြီ၊ အထဲကိုပြန်သွားကြတော့!"

"လမ်းတွေပေါ်မှာ သတိထားပါ" ဂွမ်ရှီလင်းက ပြောသည်။

တကယ်တော့ ဒီကနေ မက်မွန်သီးဘုန်းကြီးကျောင်းကို မြင်းလှည်းနဲ့ လေးနာရီခန့်သာကြာပြီး အဝေးကို ထွက်သွားသလိုမျိုး အဘွားအိုကြီး ကြက်မတစ်ကောင်လို စိုးရိမ်တကြီးနဲ့ အမြဲသတိပေးနေတယ်။

ဖုန်ကျီ ပြတင်းပေါက်များပေါ်မှ လိုက်ကာများကို ဆွဲချလိုက်သည်။ အပြင်ဘက်တွင် ထိုင်နေသော လင်းရွှမ်က ရထားထိန်းကို မောင်းခိုင်းပြီး မက်မွန်ပွင့်ကျောင်းသို့ ထွက်ခွာသွားခဲ့သည်။

ထိုအချိန် ဖုန်မိသားစုနေထိုင်ရာလခြမ်းတရားရုံးတွင်

"ရှောင်ရွဲ့ အဆင်သင့်ဖြစ်ပြီလား။ ရီရွှမ်းက အပြင်မှာ စောင့်နေတာ နေ့တစ်ဝက်လောက်ရှိနေပြီ"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now