အခန်း 97: သွေး၏အရိပ်တွင်ည

104 14 0
                                    


အခန်း 97: သွေး၏အရိပ်တွင်ည

စီနီယာနှစ်ဦး တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်ရာ အဖွဲ့ခေါင်းဆောင်လေးဦး၏ မျက်လံုးများ ပြာဝေသွားကာ ရုတ်တရက် ထိမိသွားသော မီးခိုးရောင်ဝတ်လုံအဘိုးအိုကို ကြည့်ရင်း  ထိတ်လန့်သွားကြသည်။

"မင်းကိုမင်းဘယ်သူလို့ထင်လဲ၊ မင်းငါ့ကိုမေးခွန်းထုတ်ရဲလား"

သူ့ဘေးနားရှိ စီနီယာနှစ်ယောက်ကို ထိတ်လန့်စေသည့် အကြည့်များ‌ေကြာင့် သူတို့ မသိစိတ်က နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။

[လက်ဖဝါးတစ်ချက်!]

[လက်ဖဝါးတစ်ချက်နဲ့  အထွတ်အထိပ် စစ်သည်တော်အဆင့်မှာရှိနေတဲ့ သူတို့ရဲ့ မိသားစုခေါင်းဆောင်ကို သတ်ပစ်ခဲ့တာလား? လက်ဖဝါးတစ်ချက်က သူတို့ရဲ့မိသားစုခေါင်းဆောင် ကို မတ်တတ်ရပ်ဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး  ?]

တောက်လောင်နေသောမီး၏အတွင်း အပျက်အစီးများအောက်တွင် ရာစုနှစ်တစ်ခုစာတည်ရှိခဲ့သော ရှု့ မိသားစုသည် မထင်မှတ်ဘဲ ရုတ်တရက်ကျဆုံးသွားခဲ့ပြီး ထိုကဲ့သို့ မထင်မှတ်ဘဲ ကျဆုံးသွားခဲ့သည်....

သူမသည် မြင့်မားသော ကျောက်တောင်တုပေါ်တွင် မတ်တပ်ရပ်လျက် တခဏတာ ပဟေဠိများဖြင့် မျက်လုံး ပြူးပြူးမျာကြောင့်  မျက်နှာဖုံးအောက်မှ မျက်ခုံးပင့်တင်လိုက်သည်။

သူမသည် မြင့်မားသော ကျောက်တောင်တုပေါ်တွင် မတ်တပ်ရပ်လျက် တခဏတာ ပဟေဠိများဖြင့် မျက်လုံး ပြူးပြူးမျာကြောင့်  မျက်နှာဖုံးအောက်မှ မျက်ခုံးပင့်တင်လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[အဲဒီလူနှစ်ယောက်က ကင်းထောက်နေတာမဟုတ်လား? ဒါပေမယ့် သူက မိသားစုခေါင်းဆောင် ကို ဝင်တိုက်ပြီး သတ်ခဲ့တာလား?]

[လက်ဖဝါးဖြင့်ရိုက်ပြီး သေစေတာလား?]

သူမ၏အကြည့်များသည် မီးခိုးရောင်ဝတ်ရုံအဖိုးအိုထံ ကျရောက်သွားပြီး သာမန်မျက်စိဖြင့်ပင်မြင်နိုင်သည့် အဖိုးအို၏လက်ဖဝါးတစ်ဝိုက်တွင် စုစည်းနေသော ဆန်းကြယ်သောစွမ်းအင်များကို စိုက်ကြည့်နေသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now