45.လျှို့ဝှက်ဆန်းကြယ်သောလက်စွပ်

254 45 4
                                    

အခန်း ၄၅- လျှို့ဝှက်ဆန်းကြယ်သော လက်စွပ်

တောင်းဆိုချက်များကိုကြားရပြီး ၎င်းတို့က သူ့ကိုအခက်မ ‌ေတွ့‌ေစမှတော့ဖုန်ကျွီက ခေါင်းညိတ်ကာ ကျယ်လောင်စွာ ပြုံးရင်း မေးသည် "ငါက မင်းကို ငါ့ဆရာအဖြစ် အသိအမှတ်ပြုရမှာဆိုတော့ စီနီယာက ငါ့ရဲ့ နက်နဲတဲ့ စိတ်ဝိဥာဉ်လမ်းကြောင်းတွေကို ဖွင့်ပေးလိုက်ရုံပဲ  ?”

[မြင်သာထင်သာသော အကျိုးကျေးဇူးများ မရှိခဲ့ပါက ဤကဲ့သို့ ဆရာကြီးကို အသိအမှတ်ပြုခြင်းသည် သူ့အတွက် အလွန်ပင် ဆိုးရွားလှပေလိမ့်မည်။]

"ဟားဟားဟား ဒါတော့မဟုတ်ဘူး"  လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျယ်လောင်သော အသံဖြင့် ရယ်မောလိုက်ပြီး ဖုန်ကျွီကို စူးစူးစိုက်စိုက်ကြည့်ကာ ကောင်မလေးကို သဘောကျလာပုံပေါ်သည်။

ထိုစကားကိုကြားပြီးနောက်ဖုန်ကျွီသည် စကားများများမပြောဘဲ ဒူးထောက် ဦးညွှတ်ကာ “ရိုသေလေးစားရပါသော အရှင်ဆရာ ကျေးဇူးပြု၍ သင့်တပည့် ဖုန်ကျွီ၏ ဉီးညွှတ်ခြင်းကို လက်ခံတော်မူပါ!”  ထိုစကားများ ပြီးသောအခါ သူမလေးလေးစားစား ခေါင်းငုံ့ကာ နဖူးကို မြေပြင်ပေါ်သို့ နှိမ့်ချလိုက်သည်။

 ထိုစကားကိုကြားပြီးနောက်ဖုန်ကျွီသည် စကားများများမပြောဘဲ ဒူးထောက် ဦးညွှတ်ကာ “ရိုသေလေးစားရပါသော အရှင်ဆရာ ကျေးဇူးပြု၍ သင့်တပည့် ဖုန်ကျွီ၏ ဉီးညွှတ်ခြင်းကို လက်ခံတော်မူပါ!”  ထိုစကားများ ပြီးသောအခါ သူမလေးလေးစားစား ခေါင်းငုံ့ကာ နဖူးကို မြေပြင်ပေါ်သို့ နှ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကောင်းတယ် ကောင်းတယ် ကောင်းတယ်။  ကျွန်ုပ် ချူပါးထရမ်း သည် နောက်ဆုံးတွင် ကျွန်ုပ်၏ အမွေဆက်ခံရန် တပည့်တစ်ဦးရှိလာပြီ။  ဟားဟားဟား…..” လို့ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ပြီး “သမီးလေး ငါ့အရိုးစုရဲ့ ဘယ်ဘက်မှာရှိတဲ့ တတိယအုတ်ရိုးကို ဖယ်လိုက်ပါ။  နောက်ကွယ်မှာ မင်းဆရာက မင်းကို လက်ဆောင်ပေးချင်တဲ့အရာကို မင်းတွေ့လိမ့်မယ်။"

“ဟုတ်ကဲ့!”  ဖုန်ကျွီက သဘောတူပြီး သူမသွားကာ တတိယအုတ်ကို ဖောက်လိုက်သည် ။  အခေါင်းပေါက်ဖြစ်ရန်လိုနေသဖြင့်  သူမ၏ ဓားမြှောင်ကို ဆွဲထုတ်လိုက်ရာ နောက်တွင်  သစ်သားသေတ္တာငယ်ကို တွေ့ရှိခဲ့သည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now