54- အမျိုးသမီးများ စိတ်ကြိုက်ဆင်ယင်မှု

278 44 0
                                    


အခန်း 54- အမျိုးသမီးများ စိတ်ကြိုက်ဆင်ယင်မှု

"အမ္ဟုတ်၊ ဘာပဲဖြစ်ဖြစ် ဒီကနေ အရင်ထွက်ရအောင်။ လက်ရှိအခြေအနေမှာ ဘယ်သွားသွား သူမနဲ့အတူတူပါပဲ၊၊

ချက်ချင်းပင် သူတို့သည် ကျောက်သစ်တောမြို့သို့ ခရီးဆက်ခဲ့ကြသည်။
နောက်နှစ်ရက်အကြာမှာ ကျောက်သစ်တောမြို့ကိုသူတို့ရောက်ကြတယ်။

ဂွမ်ရှီလင်း ၏စုတ်ပြဲစုတ်ပြဲနေသော အဝတ်အစားများသည် သွေးဖုံးလွှမ်းနေဆဲဖြစ်ပေမယ့် အတော်‌ေလးကောင်းသည်။ သူ့မျက်နှာက ဖုန်အညစ်အကြေးတွေစွန်းထင်းနေပြီး လက်တွေက ကြီးမားတင်းမာနေတယ် မြင်နေရတဲ့တစ်လက်မတိုင်းက တောကောင်ကြီးကို မြင်နေရသလို တောင့်တင်းခိုင်မာလှတယ်။

ဖုန်ကျွီကတော့ သူမဝတ်ထားတဲ့ အဖြူ‌ေရာင်အထည်က မီးခိုးရောင်ပြောင်းသွားပြီး မျက်နှာကို ဆေးဖက်ဝင်အပင်ဖျော်ရည် အုပ်ထားသည်။ သူမသည် ညစ်ပတ်သော အညစ်အကြေးများ ဖုံးလွှမ်းနေပြီး ညစ်ပတ်သော သူတောင်းစားနှင့် မကွဲပြားချေ။

ဤလူနှစ်ယောက်သည် ကျောက်သစ်တောမြို့ထဲသို့ လျှောက်သွားသောအခါ အထင်အမြင်သေးမှုများနှင့် နိှမ့်ချနေသော အကြည့်အမြောက်အများကို ဖမ်းဆုပ်ထားကာ ကျော်ဖြတ်သွားသူများပင်လျှင် ရှောင်လွှဲရန် အတတ်နိုင်ဆုံး ကြိုးစားကြကာ သူတို့နဲ့ထိမိမှာကို ကြောက်လန့်နေကြသည်။

"မြို့တစ်မြို့နဲ့တစ်မြို့က အငွေ့အသက်က မတူဘူး!"
ဖုန်ကျွီ အသက်ပြင်းပြင်းရှူရင်း လေနဲ့အတူဝင်ရောက်လာသော အစားအစာမျိုးစုံ၏ မွှေးကြိုင်သော ရနံ့များရဲ့ သင်းရနံ့ကနှာ‌ေခါင်း၀မှာသင်းပျံ့စေနေသည်။

"ကျွီ လေးငါတို့အရင်ဆုံး အဝတ်အစားမလဲပဲတည်းခိုခန်းတွေပဲဖြစ်ဖြစ် တခြားနေရာတွေမှာပဲဖြစ်ဖြစ် ဘယ်တော့မှဝင်မှာမဟုတ်တော့ဘူး"
ဂွမ်ရှိလင်းက သူမရဲ့စုတ်ပြဲ စုတ်ပြတ်နေသော အဝတ်များကို လှမ်းဆွဲသည်၊၊

"အင်း အနီးအနားမှာ အဆင်သင့်လုပ်ထားတဲ့ အထည်တွေရောင်းတဲ့ ဆိုင်တွေရှိလားကြည့်ရအောင်။" သူမ စကား‌ေပြာရင်း မျက်လုံးတွေက အဝေးတစ်နေရာကို ရောက်သွားကာ
ဂွမ်ရှီလင်းကို ချက်ချင်း လှမ်းဆွဲလိုက်သည်။
" ဟိုမှာ တစ်ခုရှိတယ်"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now