13. ထူထဲသော အင်္ဂတေ

317 48 0
                                    

အခန်း 13: ထူထဲသော အင်္ဂတေ

စောစောက ဆုပ်ကိုင်ထားခဲ့သော နူးညံ့သောအသားစိုင်နဲ့ နှင့် နွေးထွေးတဲ့နှုတ်ခမ်းတို့ထိလိုက်သည်ကို သတိရသောအခါတွင် သူ့ရှေ့မှာ ပြုံးနေသော မိန်းကလေးကို စိုက်ကြည့်ရင်း တောက်ပပြီးအားမာန်ပြည့်နေတဲ့ သူမမျက်လုံးများကို ပြန်ကြည့်မိသည်။ ခဏတာ သူ့မျက်နှာ မည်းမှောင်သွားသော်လည်း မျက်နှာမှာထူထဲသော မုတ်ဆိတ်မွေးများဖြင့် ဖုံးလွှမ်းထားသဖြင့် မမြင်နိုင်ပေ။

စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားသော ထိုလူကို မြင်လိုက်ရတော့ ဖုန်ဂျူအံ့ြသသွားသည်။ သူမ ခြေလှမ်းတွေ စမလှမ်းခင် ခဏလောက် တွေးပြီး လိုက်သွားခဲ့ တယ်။ "ဦးလေး၊ ငါတို့တွေ့ဖို့ ကံကြမ္မာရှိတယ် မထင်ဘူးလား။ မြင်လား? ငါတို့ဒီမှာ တစ်ကြိမ်ထပ်တွေ့ဖို့တောင် စီမံထားသေးတယ်။ ဒီလိုဆိုတော့ ငါတို့ အတူတူ ခရီးမထွက်သင့်ဘူးလား"

ထိုယောက်ျားက သူမကို လုံးဝလျစ်လျူရှုပြီး ဆက်လျှောက်သွား‌ေသာအခါ သူမ အနည်းငယ်မျှ စိတ်အနှောင့်အယှက်မဖြစ်‌ေပမယ့် ခံစားခဲ့ရသည်။ သူမရဲ့ ပျော့ညံ့သော စွမ်းအားဖြင့် တစ်ယောက်တည်း ဒီနေရာမှာ ဦးတည်ချက်မဲ့ လျှောက်သွားနေတာက အနည်းငယ် အန္တရာယ်ရှိနိုင်သည် ။ ဒါပေမယ့် သူလိုလူနဲ့ နေရရင် သူ့အတွက် ပိုလုံခြုံလိမ့်မယ်။

ထို့ကြောင့် သူလမ်းလျှောက်တိုင်း သူမနောက်မှ လိုက်သွားကာ ရပ်လိုက်သည့်အခါတွင်လည်း သူမလည်း ရပ်တန့်သွားခဲ့သည်။ သို့သော် သူမ၏ စိုးရိမ်ခြင်းကင်းမဲ့မှုနှင့် နှိုင်းယှဉ်ပါက၊ လင်းမိုဟန်၏ ရှေ့တွင် ထွက်ပေါ်လာသော အအေးဓာတ်သည် ပိုပိုပြီးပြင်းထန်လာသည်။ နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ အေးစက်စက် အကြည့်တစ်ချက်ကိုလွှတ်လိုက်ပြီးမျက်မှောင်ကြုတ်ကာ

"ဘာလို့ ငါ့နောက်ကို လိုက်နေရတာလဲ?"

သူ့ကိုယ်သူ ချဉ်းကပ်လို့မလွယ်တဲ့လူတစ်ယောက်ဆိုတာ သူသိတယ်။ ဤအခိုက်အတန့်တွင် အဘယ်လူသားသည် သူ့ကိုမြင်တိုင်း သူ့ထံမှ ခြေသုံးလှမ်းဝေးသော စည်းမျဥ်းကို ကျော်လွန်၍ မနေခဲ့ဖူးဘူး‌။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now