91- ရှေ့တိုးခွင့်မရှိပါ။

141 23 2
                                    


အခန်း 91- ရှေ့တိုးခွင့်မရှိပါ။

လင်းရွှမ်က သူ့ကို အခန်းထဲသို့ ခေါ်သွားသည်။ ဖုန်ကျီအခန်းထဲ ဝင်လိုက်သည်နှင့် လေထဲတွင် ပြင်းထန်စွာ နေတဲ့သွေးနံ့တွေကိုရလိုက်တယ်။

ကုတင်ပေါ်ရောက်မှ အ၀တ်အပေါ်ပိုင်းကို ချွတ်ပြီး မှောက်လျှက် လဲလျောင်းနေတဲ့သူကို တွေ့လိုက်ရတော့ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားသည် ။

လင်းဟွာနောက်ကျောဘက်ရှိ ရှည်လျားသောဓားရာကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများက လှုပ်လှုပ်ရှားရှားဖြစ်ပြီး သွေးခုန်နှုန်းစမ်းရန် အမြန်လက်လှမ်းလိုက်သည်။

သူမဘေးမှာ စိုးရိမ်တကြီးရပ်နေတဲ့ လင်းရွှမ် က "ရှောင်ဟွာ ရဲ့ နောက်ကျောက ဒဏ်ရာက အဆိုးဆုံးပဲ ကျန်တဲ့ဒဏ်ရာတွေအားလုံးက အပေါ်ယံဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေချည်းပပဲ။ သူ့ကို ခေါ်လာတဲ့အခါ သွေးထွက်တာရပ်သွားပေမယ့် သတိလစ်နေပြီ"

ဖုန်ကျီ က သူ့သွေးခုန်နှုန်းကို စမ်းကြည့်ပြီး သူမအကြည့်တွေက လင်းဟွာခြေထောက်ဆီ‌ေရာက်သွားသည် ။ လင်းဟွာရဲ့ဖိနပ်တွေက သွေးများစွန်းထင်းနေပြီး အပေါက်အချို့လည်း ရှိနေသေးသည်။

သူမ၏လက်စွပ်ထဲမှ အညိုရောင်ဆေးပြားတစ်ထုပ်ကို ထုတ်ကာ လင်းဟွာ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမ နောက်ထပ်ဆေးတစ်ပုလင်းယူကာ လင်းရွှမ်အား ပေးလိုက်သည်။ "သူ့ဖိနပ်ကို ချွတ်ပြီး ခြေဖဝါးမှာ ရှိတဲ့ ဒဏ်ရာတွေကို ရှင်းအောင် ကူညီပေးပါ။"

"ဟုတ်!"

လင်းရွှမ်က အဖိုးတန် ဆေးပုလင်းကို အမြန်ကိုင်လိုက်ပြီး ဖိနပ်ကို ဂရုတစိုက် ဖြုတ်လိုက်သည်။ ခြေဖဝါးတွေမှာ ကွဲအက်နေပြီး အရည်ကြည်ဖုတွေ နေရာအနှံ့ ပြည့်နေပြီးသွေးတွေထွက်နေတာကို မြင်လိုက်ရတဲ့အခါ သူမ မျက်ရည်တွေ စီးကျလာတယ်။ ပူနွေးသောမျက်ရည်များနဲ့ ဒဏ်ရာများကို ဆေးကြောသန့်စင်ရန် အတတ်နိုင်ဆုံးကြိုးစားသည် ရှုပ်ရှက်ခတ်နေသော မျက်ရည်များကို သုတ်ပကာကာ ဒဏ်ရာများကို ဖယ်ရှားပေး‌ေနသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now