34. ရှေးဒဏ္ဍာရီလာ သားရဲ

241 46 0
                                    


အခန်း ၃၄- ရှေးဒဏ္ဍာရီလာ သားရဲ

လေထုထဲတွင် ပြင်းထန်သော ဖိနှိပ်မှု့ကို ခံစားလိုက်ရသဖြင့် ဖုန်ကျွီသူမ၏ ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံး တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များကိုပင် မြင်လိုက်ရသည် ။ တောက်လောင်နေသော ရောင်စုံတိမ်တိုက်များသည် တောင်ပံများအပြည့်ဖြန့်ကျက်ကာ
စွဲမက်ဖွယ်ကောင်းသော ဖီးနစ်ဌက်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲပြီး အသွင်သဏ္ဌာန်‌ေပါ်လာသည်။ မြင်လိုက်ရသော လှပလွန်းတဲ့ မြင်ကွင်းတစ်ခုကြောင့် အဆုံးမဲ့ မျက်လုံးအစုံနဲ့ စူးစူးရဲရဲ စိုက်ကြည့်မိစေခဲ့တယ်...။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ဖြစ်ပေါ်လာသောထူးဆန်းတဲ့ ဖြစ်စဉ်သည် ကုန်းမြေတိုက်ကြီး၏ နေရာအနှံ့အပြားတွင် လိုချင်တပ်မက်မှု့ဖြစ်ရပ်များစွာကို လှုံ့ဆော်ပေးခဲ့သည်။ Sun Glory Country အနီးတစ်ဝိုက်ရှိ နိုင်ငံအားလုံးနီးပါးသည် အထက်ကောင်းကင်ယံ၌ ဖြစ်စဉ်ကို တွေ့ရှိခဲ့ကြပြီး နေရာတိုင်းမှ အားကောင်းသည့် ကျင့်ကြံခြင်းဂိုဏ်းများက မြင်ကွင်းကြောင့် ရုတ်တရက် အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။

"ကောင်းကင်ဘုံ၌ထင်ရှားလာပြီ။ ဒါ မြင့်မြတ်တဲ့ သားရဲမွေးဖွားတဲ့ နိမိတ်ပဲ"

"တောက်လောင်နေတဲ့ မီးတိမ်တွေ ဖီးနစ်ရုပ်တု။ ကောင်းကင်မှာ‌ေပါ်လာတယ်။ ဒါက ရှေးဟောင်း မြင့်မြတ်သော သားရဲ ဖီးနစ်ဌက် ပဲ မြန်မြန်!"

ပတ်ဝန်းကျင်နိုင်ငံအသီးသီးမှ ဂိုဏ်းများ တုန်လှုပ်ချောက်ချားမှု့မှ ပြန်လည်ကောင်းမွန်လာပြီးနောက် ချုတ်နှောင်ခြင်းကိုးခုတော ဆီသို့ အလွန်စိတ်လှုပ်ရှားပျော်ရွှင်စွာ ထွက်ခွာလာကြသည်။ တစ်ချို့က ဓားရှည်တွေစီးပြီး တစ်ချို့က သူတို့ရဲ့ ပျံသန်းနိုင်တဲ့ သားရဲတွေကို စီးလာကြပြီး တစ်ချို့က တစ်နေ့ကို မိုင်ထောင်ချီ ခရီးထွက်နိုင်တဲ့ မှော်ဆန်တဲ့ ပစ္စည်းတွေကို အသုံးပြုကြသူတွေတောင် ရှိကြတယ်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now